ဒီဂီယာနဲ့ ဆက်သွယ်မှုတွေရှိပေမယ့် မက်ဒရစ်မှာ ပျော်တယ်လို့ နာဗက်စ်ပြော

ကီလာနာဗက်စ်က ဒီနွေမှာ ရီးရဲလ်မက်ဒရစ်နဲ့ ဒီဂီယာတို့ အဆက်အသွယ်ရှိနေတာ သိနေပေမယ့် အနာဂတ်မှာ ရီးရဲလ်မက်ဒရစ်အတွက် ဖလားတွေ ဆွတ်ခူးသွားချင်တယ်လို့ ပြောလိုက်ပါတယ်။

မက်ဒရစ်ဥက္ကဌ ဖလော်ရင်တီနို ပီရက်ဇ်က မန်ယူဂိုးသမား ဒီဂီယာကို ယခင်ကတည်းက စိတ်ဝင်စားနေခဲ့ပြီး ယခု ESPN သတင်းများအရ လာမယ့်ရက်သတ္တပတ်အတွင်း တရားဝင်ကမ်းလှမ်းမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဒါပေမယ့် နာဗက်စ်ကတော့  ရီးရဲလ်မက်ဒရစ်အသင်းကို ကမ္ဘာ့အကောင်းဆုံးကလပ်တစ်ခုလို့ ခံယူထားပြီး ဘာနေဗျူးမှာ ပျော်ရွှင်ကြောင်း အခုလို ပြောပါတယ်။

“ဒီလိုကြီးကျယ်ခမ်းနားတဲ့ ကလပ်ရဲ့ တစိတ်တပိုင်းမှာ ပါဝင်ခွင့်ရလို့ အရမ်းပျော်တယ်” လို့ နာဗက်စ်က ပြောပါတယ်။

“မက်ဒရစ်မှာ ရှိနေတဲ့ အချိန်တွေဟာ ကျွန်တော့်နှလုံးသားထဲမှာ အမြဲရှိနေမယ့် အရာတွေထဲက တစ်ခုပါ။ ခင်ဗျားတို့လည်း အကြီးမားဆုံးကလပ်ကို ရောက်ခဲ့ရင် သူတို့သမိုင်းမှာ ပါဝင်ချင်မှာပဲ။ နောက်ပြီး ခင်ဗျားတို့နိုင်ငံကလည်း သမိုင်းမှာ ထင်ကျန်နေလိမ့်မယ်။ ကျွန်တော့်အတွက် ဒီမှာအသက်ရှင်ရတာ အိပ်မက်တစ်ခုပါ။ နောက်ပြီး မက်ဒရစ်အတွက် ဖလားတွေ အများကြီး ဆွတ်ခူးသွားမယ်” လို့ ပြောပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …