လာမယ့်နှစ်မှာ ဂိုး(၅၀) သွင်းနိုင်ဖို့ ဟယ်ရီကိန်းရည်မှန်း

စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ လာမယ့်ရာသီမှာ ဒဏ်ရာကင်းစင်ဖို့ မျှော်လင့်နေပြီး ဂိုး(၅၀)သွင်းနိုင်ရမယ်လို့ ပစ်မှတ်ထားနေပါတယ်။

ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ သွင်း (၃၅)ဂိုးသွင်းနိုင်ပြီး စပါးအသင်းကို အမှတ်ပေးဇယားမှာ အဆင့်(၂)နေရာသို့ ပို့ပေးနိုင်တဲ့ ပရီးမီးယားလိဂ်ရဲ့ ရွှေဖိနပ်ပိုင်ရှင်ဖြစ်ခဲ့ပါတယ်။

“ဂိုး ၅၀ သွင်းနိုင်ရမယ်။ နောက်ရာသီမှာ တစ်နှစ်လုံး ကြံ့ခိုင်ရည် ပြည့်ဝနေဖို့ မျှော်လင်မိတယ်” လို့ ဟယ်ရီကိန်းက ပြောပါတယ်။

ဟယ်ရီကိန်းဟာ လာမယ့်ချန်ပီယံလိဂ်ပြိုင်ပွဲကို ယခင်နှစ်ထက် ပိုပြီး ကြိုးစားမြှင်တင်သွားမယ်လို့လည်း ပြောသွားပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …