(၁)နှစ်အတွင်း ဂိုး ၅၀ နဲ့အထက် ဂိုးသွင်းနိုင်တဲ့ ကစားသမားတွေထဲမှာ စီရော်နယ်ဒိုနဲ့ ဟယ်ရီကိန်းတို့ ပါဝင်လာ

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုနဲ့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းတို့ဟာ မနေ့ညက ပြိုင်ပွဲအသီးသီးမှာ ၂ ဂိုးစီ သွင်းယူနိုင်ပြီးနောက် ပြက္ခဒိန်နှစ်(၁)နှစ်အတွင်း ဂိုး ၅၀ နဲ့အထက် ဂိုးသွင်းယူနိုင်တဲ့ ကစားသမားတွေထဲ ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ မနေ့ညက ဆီဗီးလားအသင်းကို ၅-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့သလို ဟယ်ရီကိန်းလည်း စတုတ်စီးတီးအသင်းကို ၅-၁ နဲ့ အနိုင်ရတဲ့ပွဲမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်အတွင်း ဂိုး ၅၀ နဲ့အထက် ဂိုးသွင်းယူနိုင်တဲ့ ကစားသမားများ

၁။ လီဝန်ဒေါ့စကီး – ၅၂ ဂိုး
၂။ မက်ဆီ – ၅၂ ဂိုး
၃။ စီရော်နယ်ဒို – ၅၁ ဂိုး
၎။ ကာဗာနီ – ၅၁ ဂိုး
၅။ ဟယ်ရီကိန်း – ၅၀ ဂိုး

Check Also

နေမာကို ခေါ်ယူမယ့်ကိစ္စ သွေးအေးသွားတဲ့ ရီးရဲလ်မက်ဒရစ်

နေမာကို ခေါ်ယူမယ့်ကိစ္စ သွေးအေးသွားတဲ့ ရီးရဲလ်မက်ဒရစ်

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ PSG တိုက်စစ်ကစားသမား နေမာကို ခေါ်ယူဖို့ စိတ်ဝင်စားမှုအား လျော့ကျသွားတယ်လို့ DailyMail က ထုတ်ဖော်ရေးသားလိုက်ပါတယ်။ လာမယ့်နွေရာသီမှာ ဘာပေကို ခေါ်ယူဖို့ ရည်ရွယ်ထားတာကြောင့် …