ဒိုင်ဘာလာကို ဆုံးရှုံးဖို့ မစိုးရိမ်ဘူးလို့ ပြောလိုက်တဲ့ အယ်လီဂရီ

ဂျူဗင်တပ်နည်းပြ အယ်လီဂရီဟာ ဘာစီလိုနာအသင်းက နေမာထွက်ခွာသွားလို့ ဒိုင်ဘာလာကို ပစ်မှတ်ထားလာရင်တောင် စိုးရိမ်ခြင်းမရှိဘူးလို့ ပြောလိုက်ပါတယ်။

ဘရာဇီးသတင်းများအရ နေမာဟာ PSG အသင်းနဲ့ ဆက်သွယ်မှုတွေ ရှိနေပြီး PSG ကစားသမားသစ် ဒန်နီအဲလ်ဗက်စ်က သူနဲ့ပူးပေါင်းဖို့ ဖိအားတွေ ပေးနေခဲ့ပါတယ်။ ထို့အပြင် ဘာစီလိုနာအသင်းနဲ့ နေမာရဲ့စာချုပ်ဖြတ်သိမ်းကြေး ယူရို ၂၂၂ သန်းကိုလည်း PSG အသင်းက ပေးချေဖို့ အဆင်သင့်ဖြစ်နေတယ်လို့လည်း သိရပါတယ်။

ဒီနွေမှာ အဓိကနောက်ခံကစားသမား ဘိုနူချီကို ဆုံးရှုံးထားတဲ့ ဂျူဗင်တပ်နည်းပြ အယ်လီဂရီကတော့ ဒိုင်ဘာလာ ဆုံးရှုံးရလို့လည်း သူ့အတွက် စိုးရိမ်စရာမရှိတဲ့အကြောင်း အခုလိုပြောပါတယ်။

“ဒိုင်ဘာလာ ဆုံးရှုံးရလို့ ကျွန်တော့်မှာ စိုးရိမ်ခြင်းမရှိဘူး”

“နေမာနဲ့ PSG တို့ ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော်မသိဘူး။ ဒါကြောင့် ဘာစီလိုနာအနေနဲ့ အစားထိုးခေါ်ယူမှု ပြုလုပ်ခဲ့ရင်တောင် ကျွန်တော့်မှာ စိုးရိမ်စရာ မရှိဘူး” လို့ အယ်လီဂရီက သောကြာနေ့က နယူဂျာစီမှာ ပြောပါတယ်။

အသက် ၂၃ နှစ်ရှိတဲ့ ဒိုင်ဘာလာဟာ ဂျူဗင်တပ်အသင်းနဲ့ ၅ နှစ်စာချုပ်ထားပြီး ၂၀၂၂ ခုနှစ် ဇွန်လတွင် စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒိုင်ဘာလာဟာ ဂျူဗင်တပ်မှာ တစ်ရာသီလျှင် ယူရို ၇ သန်း ရရှိနေတယ်လို့လည်း သိရပါတယ်။

Check Also

EFL ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့် တက်ခဲ့လို့ ဂုဏ်ယူကြောင်း ကွန်တီ ပြော

ချဲလ်ဆီး နည်းပြ ကွန်တီကတော့ ဘုန်းမောက်အသင်းကို အနိုင်ယူပြီး လိဂ်ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့လို့ အရမ်းကို ၀မ်းသာဂုဏ်ယူမိကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။