“ဂါးရက်ဘေးလ်ရဲ့ အပြောင်းအရွှေ့ကိစ္စ ပြီးသွားပြီ” လို့ မော်ရင်ဟိုပြော

မန်ယူနည်းပြ မော်ရင်ဟိုက အင်္ဂါနေ့ညပိုင်း ဥရောပစူပါဖလားပွဲမှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီးနောက် ဂါးရက်ဘေးလ်ကို အိုးထရက်ဖို့ဒ်သို့ ခေါ်မယ့်ကိစ္စ အဆုံးသတ်သွားပြီလို့ ပြောလိုက်ပါတယ်။

“ကလပ်က သူ့ကို အလိုရှိနေသလို၊ နည်းပြကလည်း သူ့ကို အလိုရှိနေတယ်။ နောက်ပြီး သူကလည်း ကလပ်မှာ ဆက်နေချင်တယ်ဆိုတာ အားလုံးသိတယ်။ ဒါကြောင့် ကျွန်တော့်အတွက် ဒီအပြောင်းအရွှေ့ကိစ္စက  မစတင်ခင်မှာ  ပြီးသွားခဲ့တယ်” လို့ မော်ရင်ဟိုက ပြောပါတယ်။

ဆက်လက်ပြီး မော်ရင်ဟိုက ရီးရဲလ်မက်ဒရစ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် အကောင်းဆုံးကစားခဲ့ကြောင်း အခုလို ပြောပါတယ်။

“ကျွန်တော်တို့ အကောင်းဆုံးလုပ်ခဲ့တယ်” လို့ မော်ရင်ဟိုက ပြောပါတယ်။

“ဒီပွဲကို ကျွန်တော်တို့ ၂-၁ နဲ့ ရှုံးခဲ့တယ်။ ဒီရလဒ်က အရမ်းကို တိုတောင်းလွန်းတယ်။ သူတို့လည်း ဒီိထက်မက ဂိုးတွေသွင်းပြီး၊ ကျွန်တော်တို့လည်း ဒီထက်မက ဂိုးတွေ သွင်းနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ခဲ့တာ။ နောက်ပြီး သူတို့ဂိုးတွေထဲက တစ်ဂိုးက လူကျွံနေပါတယ်။ ဒါကို VAR စနစ် ကောင်းကောင်းသုံးခဲ့မယ်ဆိုရင် ပွဲက ၁-၁ ဖြစ်သွားပြီး အချိန်ပို ကစားရနိုင်တယ်”

“ဒီရှုံးနိမ့်ခြင်းက စိတ်ပျက်စရာဖြစ်ပေမယ့် လာမယ့် တနင်္ဂနွေနေ့ပွဲအတွက် ရှေ့ဆက်ကြစို့” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …