မန္ယူကို အထင္မေသးသင့္ဘူးလို႔ ဘာစီလိုနာကို သတိေပးလိုက္တဲ့ ေမာ္ရင္ဟို

လာလီဂါ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ဘာစီလိုနာအသင္းအေနနဲ႔ ဒီရာသီမွာ ဘယ္ေလာက္ပဲ ရလဒ္ေကာင္း ထြက္ေပၚေနပါေစ ၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္အသင္းကိုေတာ့ ေလးစားမႈရွိရမယ္လို႔ သတိေပးေျပာၾကားလိုက္ပါတယ္။
မန္ယူအသင္းနဲ႔ ဘာစီလိုနာအသင္းတို႔ဟာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ ပထမအေက်ာ့ပြဲစဥ္ကို အိုးထရက္ဖို႔ဒ္ကြင္းႀကီးထဲမွာ ယွဥ္ၿပိဳင္ဖို႔ ရွိေနပါတယ္။ မန္ယူအသင္းဟာ ေနာက္ဆံုးယွဥ္ၿပိဳင္ထားတဲ့ ၄ ပြဲမွာ ၃ ပြဲ ရံႈးနိမ့္ထားပါတယ္။
ဒါေပမဲ့ မန္ယူနည္းျပေဟာင္း ေမာ္ရင္ဟို က “ဒီရာသီမွာ ယူႏိုက္တက္က ဂ်ဴဗင္တပ္ကိုလည္း ႏိုင္ေအာင္ ကစားႏိုင္ခဲ့တယ္။ PSG ကိုလည္း အႏိုင္ကစားၿပီးၿပီ။ အခု ဘာစီလိုနာအသင္းကို ဘာေၾကာင့္ မယွဥ္ၿပိဳင္ႏိုင္ရမွာလဲ” လို႔ ေမးခြန္းထုတ္ပါတယ္။

မန္ယူအသင္းဟာ ခ်န္ပီယံလိဂ္ဖလားၿပိဳင္ပြဲမွာ အုပ္စုအဆင့္မွာ ဂ်ဴဗင္တပ္အသင္းကို အေ၀းကြင္း ၁-၂ ရလဒ္ျဖင့္ အႏိုင္ရခဲ့သလို ၁၆ သင္း ရံႈး/ထြက္အဆင့္မွာလည္း PSG အသင္းကို အႏိုင္ယူခဲ့တာ ျဖစ္ပါတယ္။
ဒါေၾကာင့္ ေမာ္ရင္ဟိုက ” ဘာစီလိုနာအသင္းအေနနဲ႔ ဒါေတြကို သတိျပဳရလိမ့္မယ္။ ယူႏိုက္တက္ကို ေလွ်ာ့တြက္ၿပီး အထင္ေသးလို႔ မရဘူး။ ေလးစားရမယ္။ ေနာက္ၿပီး အိုးထရက္ဖို႔ဒ္ကိုလည္း ေလးစားရမယ္ ” လို႔ ေျပာလိုက္ပါတယ္။

ဒါေပမဲ့ ေမာ္ရင္ဟိုက ဒီရာသီမွာ ဘာစီလိုနာအသင္းအတြက္ အေကာင္းဆံုးေျခစြမ္းျပႏိုင္ခဲ့တဲ့ မက္ဆီ ယေန႔ညမွာ အေကာင္းဆံုးေျခစြမ္းျပၿပီး ဂိုးေတြသြင္းမွာကိုေတာ့ ထိတ္လန္႔မိေၾကာင္း ၀န္ခံသြားခဲ့ပါတယ္။

Unicode version

မန်ယူကို အထင်မသေးသင့်ဘူးလို့ ဘာစီလိုနာကို သတိပေးလိုက်တဲ့ မော်ရင်ဟို

လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဘာစီလိုနာအသင်းအနေနဲ့ ဒီရာသီမှာ ဘယ်လောက်ပဲ ရလဒ်ကောင်း ထွက်ပေါ်နေပါစေ ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းကိုတော့ လေးစားမှုရှိရမယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။
မန်ယူအသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို အိုးထရက်ဖို့ဒ်ကွင်းကြီးထဲမှာ ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ မန်ယူအသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ထားတဲ့ ၄ ပွဲမှာ ၃ ပွဲ ရှုံးနိမ့်ထားပါတယ်။
ဒါပေမဲ့ မန်ယူနည်းပြဟောင်း မော်ရင်ဟို က “ဒီရာသီမှာ ယူနိုက်တက်က ဂျူဗင်တပ်ကိုလည်း နိုင်အောင် ကစားနိုင်ခဲ့တယ်။ PSG ကိုလည်း အနိုင်ကစားပြီးပြီ။ အခု ဘာစီလိုနာအသင်းကို ဘာကြောင့် မယှဉ်ပြိုင်နိုင်ရမှာလဲ” လို့ မေးခွန်းထုတ်ပါတယ်။
မန်ယူအသင်းဟာ ချန်ပီယံလိဂ်ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်မှာ ဂျူဗင်တပ်အသင်းကို အဝေးကွင်း ၁-၂ ရလဒ်ဖြင့် အနိုင်ရခဲ့သလို ၁၆ သင်း ရှုံး/ထွက်အဆင့်မှာလည်း PSG အသင်းကို အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် မော်ရင်ဟိုက ” ဘာစီလိုနာအသင်းအနေနဲ့ ဒါတွေကို သတိပြုရလိမ့်မယ်။ ယူနိုက်တက်ကို လျှော့တွက်ပြီး အထင်သေးလို့ မရဘူး။ လေးစားရမယ်။ နောက်ပြီး အိုးထရက်ဖို့ဒ်ကိုလည်း လေးစားရမယ် ” လို့ ပြောလိုက်ပါတယ်။
ဒါပေမဲ့ မော်ရင်ဟိုက ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တဲ့ မက်ဆီ ယနေ့ညမှာ အကောင်းဆုံးခြေစွမ်းပြပြီး ဂိုးတွေသွင်းမှာကိုတော့ ထိတ်လန့်မိကြောင်း ဝန်ခံသွားခဲ့ပါတယ်။

Check Also

မက္ဆီကို ဘယ္လိုရပ္တန္႔ရမလဲဆိုတာ အႀကံျပဳလိုက္တဲ့ ဖာဒီနန္

မန္ယူ ကစားသမားေဟာင္း ရိုင္ယိုဖာဒီနန္ကေတာ့ ဒီေန႔ည ရင္ဆိုင္ရမယ့္ ဘာစီလိုနာနဲ႔ ပြဲမွာ စူပါစတား မက္ဆီကို ဘယ္လိုရပ္တန္႔ရမလဲဆုိတာကို ေျပာျပလိုက္ပါတယ္။ မက္ဆီဟာ ဒီရာသီမွာ ၿပိဳင္ပြဲစံု ပြဲ …