ငွေကြေး တစ်ဘီလီယံကျော် သုံးစွဲခဲ့တဲ့ ပထမဆုံးနည်းပြ မော်ရင်ဟို

မော်ရင်ဟိုဟာ ယခုလက်တလောအပြောင်းအရွှေ့မှာ လူကာကူကို ပေါင် ၇၅ သန်းဖြင့် ခေါ်ယူပြီးနောက် ဘောလုံးသမိုင်းမှာ ငွေကြေးပမာဏ တစ်ဘီလီယံကျော် သုံးစွဲခဲ့တဲ့ ပထမဆုံးနည်းပြ ဖြစ်လာခဲ့ပါတယ်။

အပြောင်းအရွှေ့မှာ ငွေကြေး သုံးစွဲမှုနဲ့ ပတ်သတ်ပြီး နည်းပြတွေအားလုံးကို ပြန်လည်စိစစ်ကြည့်ရာ မော်ရင်ဟိုက နည်းပြဘ၀ ၁၇ နှစ်အတွင်း ပေါင် ၁.၁ ဘီလီယံအထိ သုံးစွဲခဲ့တာကို တွေ့ရပါတယ်။

သူ့နောက်မှာတော့ နည်းပြဘ၀ နှစ် ၂၀ အတွင်း အသင်း(၉)သင်း ကိုင်တွယ်ခဲ့သူ ဘိုင်ယန်မြူးနစ်နည်းပြ အန်စလော့တီက ပေါင် သန်း ၉၇၀ သုံးစွဲခဲ့ပြီး၊ မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ ၉ နှစ်အတွင်း ပေါင် ၈၅၉သန်းအထိ သုံးစွဲထားတာ တွေ့ရပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …