skysports-jose-mourinho-man-united_4478147

မော်ရင်ဟိုကို လာလီဂါက ပြန်လည်ကြိုဆိုနေမယ်လို့ လာလီဂါဥက္ကဋ္ဌ ပြော

Zawgyi Version



mourinho






Unicode version

မော်ရင်ဟို လာမယ်ဆိုရင် လာလီဂါက ပြန်လည်ကြိုဆိုနေမယ်လို့ လာလီဂါဥက္ကဋ္ဌ ပြော

ယခင်က ရီးရဲလ်မက်ဒရစ်အသင်းမှာ နည်းပြလုပ်ခဲ့ဖူးတဲ့ မော်ရင်ဟိုအနေနဲ့ လာလီဂါသို့ တစ်ကျော့ပြန်လာခဲ့မယ်ဆိုရင် သိပ်ကောင်းတဲ့ပြပွဲတစ်ခု ဖြစ်လာမှာပဲလို့ လာလီဂါဥက္ကဋ္ဌ Javier Tebasက ပြောလိုက်ပါတယ်။

မော်ရင်ဟိုဟာ ပြီးခဲ့တဲ့လတုန်းက မန်ယူအသင်းမှ နည်ပြရာထူးကနေ ထုတ်ပယ်ခြင်း ခံလိုက်ရပြီး လတ်တလောမှာ အလုပ်လက်မဲ့ ဖြစ်နေတာပါ။ လာလီဂါမှာ နည်းပြတာဝန်ထမ်းဆောင်စဉ်က မော်ရင်ဟိုဟာ ပပ်ဂွာဒီယိုလာရဲ့ ဘာစီလိုနာအသင်း ၃ နှစ်ဆက်တိုက် လာလီဂါဖလား ဆွတ်ခူးနိုင်ခြင်းကို ၂၀၁၂ ခုနှစ်က ရပ်တန့်နိုင်ခဲ့သူလည်း ဖြစ်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်ကလည်း စန်တီယာဂိုဆိုလာရီကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခဲ့ပေမဲ့ မော်ရင်ဟိုကို ပြန်လာစေချင်တယ်လို့ Sky Sports က အခိုင်အမာရေးထားပါတယ်။

“သူ ပြန်လာမယ်ဆိုရင် လာလီဂါအတွက် ဆိုးဝါးတဲ့အရာတော့ မဟုတ်နိုင်ဘူး” လို့ Tebas က ပြောပါတယ်။

“သူက နည်းပြကောင်းတစ်ဦးပါ။ သူ့မှာ အရည်အချင်းတွေ အများကြီးရှိတယ်။ သူ ပြန်လာရင် သိပ်ကိုထူးခြားလိမ့်မယ်။ ဒါပေမဲ့ သူ့ကို ဘယ်ကလပ်က လိုချင်နေလဲဆိုတာတော့ မသိသေးဘူး”

ဆက်လက်ပြီး လာလီဂါဥက္ကဋ္ဌ Tebas က PSG တိုက်စစ်မှူး နေမာက ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့နဲ့ အဆက်အသွယ်တွေ ရှိနေကြောင်းကို အခုလို ပြောပါတယ်။

“နေမာ စပိန်ကို ပြန်လာမယ့်ကိစ္စလား? ကျွန်တော်တို့ကတော့ ကြယ်စင်ကစားသမားတွေကို တတ်နိုင်သလောက် လိုချင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက် အရေးကြီးဆုံးအရာက အင်္ဂလန် ပရီးမီးယားလိဂ်လို ပြိုင်ဆိုင်မှု အားကောင်းနေဖို့ပဲ။ နောက်ပြီး သူတို့မှာ Ballon d’Or ဆုရှင်တွေ မပေါ်ထွန်းတာလည်း နှစ်တွေတော်တော်ကြာခဲ့ပြီ” လို့ ပြောလိုက်ပါတယ်။

Check Also

lloris-spurs-ready-fight-titles-without-kane

ဟယ်ရီကိန်း မပါလည်း ဖလားတွေ ဆွတ်ခူးဖို့ အဆင်သင့်ပဲဆိုတဲ့ လိုရစ်

Zawgyi Version စပါးစ် ဂိုးသမား ဟူဂိုလိုရစ်က ပြီးခဲ့တဲ့ မန်ယူနဲ့ ပွဲမှာတိုက်စစ်မှူး ဟယ်ရီကိန်း ဒဏ်ရာရခဲ့တာကြောင့် နောက်ပွဲတွေမှာ မပါနိုင်တာနဲ့ ပတ်သက်ပြီး ပရိသတ်တွေ စိုးရိမ်နေကြလို့ …