ရွန်းနီဟာ စံပြကစားသမားတစ်ဦးဖြစ်တယ်လို့ ချီးမွမ်းနှုတ်ဆက်လိုက်တဲ့ မော်ရင်ဟို

မော်ရင်ဟိုက အဲဗာတန်အသင်းထံ ပြောင်းရွှေ့သွားတဲ့ ၀ိန်းရွန်းနီဟာ မန်ယူအသင်းအတွက် စံပြကစားသမားတစ်ဦးဖြစ်တယ်လို့ ပြောလိုက်ပြီး အနာဂတ်မှာ အကောင်းဆုံးပြုလုပ်နိုင်ပါစေလို့ ဆုမွန်ခြွေလိုက်ပါတယ်။

“ကျွန်တော်ဟာ ၀ိန်းကို မြတ်နိုးတန်ဖိုးထားတဲ့သူတစ်ယောက် ဖြစ်တယ်ဆိုတာ လျှို့ဝှက်မထားတော့ပါဘူး။ သူဟာ ကလပ်မှာ စံပြုထိုက်တဲ့ ကစားသမားတစ်ယောက်ပါ။ နောင်နှစ်ပေါင်းများစွာ သမိုင်းစာမျက်နှာထဲမှာ ၀ိန်းရွန်းနီဆိုတာ ရှိနေမှာပါ”  လို့ မော်ရင်ဟိုက ကလပ်ဝက်ဆိုဒ်မှာ ပြောထားပါတယ်။

“ဂရိတ်ကစားသမားတစ်ယောက်အနေနဲ့ ကစားချိန်နည်းပါးရတဲ့ အဖြစ်မျိုး ကျွန်တော် ဘယ်တုန်းကမှ မကြည့်ချင်ဘူး။ သူ အဲဗာတန်ထံ ပြန်သွားရမလား? လို့ မေးပါတယ်။ သူလိုကစားသမားမျိုးက အရံခုံမှာလည်း မထိုင်သင့်ပါဘူး။ ဒီအတိုင်းဆို သူ့အတွေ့အကြုံ၊ ရည်မှန်းချက်နဲ့ ဆုံးဖြတ်ချက်တွေ အားလုံး လွဲချော်သွားနိုင်တာကြောင့် ခွင့်ပြုလိုက်ရတာပါ။ အနာဂတ်မှာ အကောင်းဆုံးလုပ်နိုင်ဖို့ ဆန္ဒပြုလိုက်ပါတယ်” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …