“ပေါ့ဘာက ခေါင်းဆောင်ကောင်း ဖြစ်လာမှာ”လို့ ပြောလိုက်တဲ့ မော်ရင်ဟို

မန်ယူနည်းပြမော်ရင်ဟိုဟာ  အိုးထရက်ဖို့ဒ်ကို ၁၃ နှစ်ကြာအောင် လွှမ်းမိုးနိုင်ပြီး ကလပ်ရဲ့အချိန်တိုင်း ဂိုးသွင်းရှင် ဖြစ်တဲ့ အသင်းခေါင်းဆောင်ဟောင်း ၀ိန်းရွန်းနီကို လွမ်းဆွတ်မိပေမယ့် သူဟာ အသင်းအတွက် ခေါင်းဆောင်ကောင်း တစ်ယောက်ကို ရှာဖွေတွေ့ရှိထားပြီးပြီလို့ ပြောပါတယ်။

ဖာဂူဆန်အနားယူပြီး ၃ နှစ်လောက် ဆိုးရွားခဲ့တဲ့ မန်ယူအသင်းကို ပြန်လည်တည်ငြိမ်အောင် ပြုပြင်ပေးချင်တဲ့ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ဖလား မဆွတ်ခူးနိုင်ပေမယ့် EFL Cup နဲ့ ယူရိုပါလိဂ်ဖလားအပြင် ကွန်မြူနတီဒိုင်းကိုပါ ပထမဆုံးရာသီမှာ ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

“လူငယ်ကစားသမားတွေအတွက် ခေါင်းဆောင်တစ်ယောက်ကို ကျွန်တော်ပြောချင်တယ်” ဆိုပြီး မော်ရင်ဟိုက ပေါ့ဘာအကြောင်း စတင်ပြောပါတယ်။

“သူက လူငယ်တွေထက်တော့ ကြီးကောင်းကြီးမယ်။ သူက အတွေ့အကြုံများတဲ့သူဆိုတာ သေချာတယ်။ ဘာလို့လဲဆိုတော့ သူက ချန်ပီယံလိဂ်ဖိုင်နယ်၊ ယူရိုဖိုင်နယ်၊ ယူရိုပါလိဂ်ဖိုင်နယ်တွေမှာ ကစားဖူးတယ်”

“ဒီလို အသက်အရွယ်မှာ သူဟာ အတွေ့အကြုံတွေ များပြားလွန်းတယ်။ တချိန်တည်းမှာပဲ သူဟာ အကယ်ဒမီမှ ဆင်းသက်လာသူလည်း ဖြစ်တယ်။ ဒါကြောင့် သူဟာ လင်းဂတ်၊ ရက်ရှ်ဖို့ဒ်တို့လို ကလေးတွေနဲ့ ဆက်ဆံရေးကောင်းတယ်”

“သူက အကယ်ဒမီထွက်ဖြစ်ပြီး ကလေးလိုနေပေမယ့် ကွင်းထဲမှာ သူ့အရည်အချင်းတွေကြောင့် သူဟာ ကျွန်တော်တို့အတွက် အရေးပါတဲ့ကစားသမား ဖြစ်နေတယ်။ ပေါ့ဘာဟာ နောက်၂နှစ်လောက် ရှိရင် ကလပ်မှာ အင်မတန်အရေးပါတဲ့ ကစားသမားဖြစ်လာလိမ့်မယ်” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …