“စီရော်နယ်ဒိုအတွက် အချိန်ကုန်မခံဘူး” လို့ ပြောလိုက်တဲ့ မော်ရင်ဟို

မော်ရင်ဟိုက စီရော်နယ်ဒိုကို ရီးရဲလ်မက်ဒရစ်မှ အိုးထရက်ဖို့ဒ်သို့ ပြန်လည်ခေါ်မယ့်ကိစ္စနဲ့ ပတ်သတ်ပြီး အချိန်ကုန်ခံ စဉ်းစားမနေတော့ဘူးလို့ ပြောလိုက်ပါတယ်။

အသက် ၃၂ နှစ်တဲ့ ပေါ်တူဂီသားဟာ ပေါင် ၁၂.၉ သန်းလောက် အခွန်ရှောင်ခဲ့တယ်လို့ စပိန်အစိုးရမှ စွပ်စွဲခဲ့ပြီးနောက် စိတ်ဆိုးဒေါသထွက်ကာ စပိန်မြေနဲ့ ဝေးရာသွားချင်နေပြီး ရီးရဲလ်မက်ဒရစ်မှ ထွက်ခွာချင်တယ်လို့ မက်ဒရစ်ဥက္ကဌ ဖလော်ရင်တီနိုပီရက်ဇ်ထံ ပြောကြားခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် မော်ရင်ဟိုက ၂၀၀၉ ခုနစ်တုန်းက ပေါင် သန်း ၈၀ ဖြင့် ရီးရဲလ်မက်ဒရစ်ထံ ရောင်းချလိုက်တဲ့ စီရော်နယ်ဒိုကို ပြန်လည်ခေါ်ဖို့ ဆိုတာ မဖြစ်နိုင်လို့ အချိန်ကုန်ခံ စဉ်းစားနေမည်မဟုတ်ကြောင်း အခုလို ပြောပါတယ်။

“မဖြစ်နိုင်တဲ့ ကစားသမားတွေနဲ့ ပတ်သတ်ပြီး အချိန်ကုန်ခံစဉ်းစားနေမှာ မဟုတ်ဘူး” လို့ မော်ရင်ဟိုက ယနေ့မနက် LA Galaxy ကို ၅-၂ နဲ့ အနိုင်ရတဲ့ ပွဲအပြီးမှာ ပြောပါတယ်။

“ရော်နယ်ဒိုက သူ့အသင်းအတွက် အရေးပါသလို၊ စီးပွားရေးအာဏာရှင် ကစားသမားတစ်ဦးလည်း ဖြစ်တယ်။ ရော်နယ်ဒို ထွက်ခွာနိုင်တယ်လို့ ထင်စေတဲ့ ဘယ်လိုအကြောင်းပြချက်မျိုးကိုမှ ကျွန်တော်တို့ ရှာဖွေနေမှာ မဟုတ်ဘူး” လို့ ပြောပါတယ်။

ဆက်လက်ပြီး မော်ရင်ဟိုက မိုရာတာကို အောင်မြင်စွာ မခေါ်ယူနိုင်ခဲ့ပေမယ့် မိုရာတာဟာ မန်ယူအသင်းနဲ့ ဆက်သွယ်မှုတွေ ရှိနေအုံးမည်ဖြစ်ကြောင်း ယုံကြည်စွာ ပြောလိုက်ပါတယ်။

“ဒီကိစ္စက ရှက်စရာကောင်းပါတယ်”

“သူ့ကို ပထမအသင်းကြီးမှာ ကျွန်တော် ပွဲထွက်ခွင့်ပေးခဲ့တာ။ သူ ဂျူဗင်တပ်နဲ့ ရီးရဲလ်မက်ဒရစ်မှာ ကစားစဉ်ကတည်းက သူ့ကို နှစ်သက်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ ရီးရဲလ်မက်ဒရစ်နဲ့ သဘောတူညီမှု မရခဲ့ဘူး။ ဒါပေမယ့် သူ ကျွန်တော်တို့နဲ့ ဆက်သွယ်မှုတွေ အဆုံးသတ်နိုင်လိမ့်မယ်မထင်ဘူး” လို့ ပြောပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …