“ချဲလ်ဆီးအတွက် မိုရာတာက အရမ်းကောင်းတဲ့ ကစားသမား” လို့ ပြောလိုက်တဲ့ မော်ရင်ဟို

မော်ရင်ဟိုက ချဲလ်ဆီးအသင်း၏ မိုရာတာအပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး အရမ်းကောင်းတဲ့ ကစားသမားကို ချဲလ်ဆီးအသင်း ရလိုက်တယ်လို့ သုံးသပ်လိုက်ပြီး မန်ယူအသင်းကလည်း ကမ္ဘာ့ထိပ်တန်းတိုက်စစ်ကို ပိုင်ဆိုင်နိုင်ခဲ့တယ်လို့ ပြောလိုက်ပါတယ်။

“ချဲလ်ဆီး ဘာလုပ်နေတယ်ဆိုတာ ကျွန်တော် စိတ်မ၀င်စားဘူး။ ဒါအမှန်ပဲ” လို့ မော်ရင်ဟိုက ယနေ့ ညီလာခံမှာ ပြောပါတယ်။

“ကျွန်တော်တို့ တိုက်စစ်လိုအပ်တယ်။ မိုဗစ်ခ်ျ အကောင်းဆုံးအချိန်တုန်းက သူ့ကို လိုအပ်ခဲ့တယ်။ ဒါပေမယ့်  သူ ဒဏ်ရာရပြီးနောက်ပိုင်း ရက်ရှ်ဖို့ဒ်တစ်ယောက်ထဲနဲ့ ကျွန်တော်တို့အတွက် မလုံလောက်တော့ဘူး”

“ဒါပေမယ့် ကျွန်တော်တို့ တိုက်စစ်အကြီးစားတစ်ယောက်ကို ရလိုက်တယ်။ ကျွန်တော်ဟာ ကစားသမားတစ်ယောက်ကို လွန်ခဲ့တဲ့ ၁နှစ်လောက်က လုပ်ခဲ့သမျှတွေနဲ့ မတိုင်းတာတတ်ဘူး။ ဘာလို့လဲဆိုတော့ သူနဲ့ ကျွန်တော်နဲ့က လွန်ခဲ့တဲ့ ၄၊ ၅နှစ်လောက်က လပိုင်းလောက်ပဲ အလုပ်တွဲ လုပ်ခဲ့ဖူးတာ”

“သူရဲ့ တိုးတက်မှုတွေကတော့ အရမ်းကောင်းပါတယ်။ ဒါကြောင့် သူဟာ ဥရောပထိပ်တန်းကစားသမားတစ်ယောက်လို့ ထင်တယ်”

“ဒါပေမယ့် သူဟာ အဆင့်မြင့်တဲ့ ကစားသမားတစ်ယောက်ဆိုတာ အားလုံးသိအောင် သက်သေပြဖို့တော့ လိုအပ်တယ်။ အခု သူဟာ မန်ချက်စတာ ယူနိုက်တာရှိနေပြီ ချန်ပီယံလိဂ်ပွဲတွေ ကစားရတော့မယ်။ ဒါပေမယ့် သူ့မှာ အံ့သြလောက်တဲ့ အရည်အချင်းတွေ ရှိနေတယ်လို့ ကျွန်တော် ထင်တယ်”

“မန်နေဂျာနဲ့ ဒီယေဂိုတို့ အခြေအနေသိပြီးကတည်းက ချဲလ်ဆီး တိုက်စစ်တစ်ယောက် ခေါ်တော့မယ်ဆိုတာ ကျွန်တော်သိတယ်”

“ရှင်းပါတယ်။ သူတို့ တိုက်စစ်တစ်ယောက် ရတော့မယ်။ မိုရာတာနဲ့ သူတို့ သဘောတူမှုတွေ ရခဲ့ပြီ။ မိုရာတာဟာ သူတို့အတွက် အရမ်းကောင်းတဲ့ ကစားသမားပါ” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …