“စတုတ္ထမြောက် လူခေါ်မှုက ဖြစ်နိုင်ချေ မရှိဘူး”လို့ အရိပ်အမြွတ်ပြလိုက်တဲ့ မော်ရင်ဟို

မန်ယူနည်းပြ မော်ရင်ဟိုက သြဂုတ်လ ၃၁ ရက် အပြောင်းအရွှေ့ကာလ မပိတ်ခင် သူလိုချင်တဲ့ စတုတ္ထမြောက်ကစားသမား အိုးထရက်ဖို့ဒ်သို့ ရောက်လာဖို့ ဖြစ်နိုင်ချေမရှိဘူးလို့ ပြောလိုက်ပါတယ်။

သူဟာ တောင်ပံတိုက်စစ် တစ်ယောက်လောက် လိုချင်နေပြီး အင်တာမီလန်အသင်းရဲ့ ပါရီဆစ်နဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဂါးရက်ဘေးလ်တို့ကို စည်းရုံးသိမ်းသွင်းဖို့ ချဉ်းကပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဒါပေမယ့် မော်ရင်ဟိုက အခုလက်ရှိလူစာရင်းနဲ့လည်း ပရီးမီးယားလိဂ်ဖလားအတွက် စိန်ခေါ်နိုင်ကြောင်း အခုလို ပြောပါတယ်။

“ကျွန်တော့် စီမံကိန်းက ၄ယောက် ခေါ်ရမှာလို့  ၀ုဒ်ဝက်ကို ပြောခဲ့တယ်” လို့ မော်ရင်ဟိုက ယနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

“ဒါပေမယ့် ကျွန်တော်ဟာ အသင်းအပေါ် အကောင်းဆုံးလုပ်နိုင်ဖို့ ဆုံးဖြတ်ထားလို့ ဖိအားတော့ မရှိပါဘူး။ အခု မခေါ်ရလည်း လာမယ့် ဇန်န၀ါရီ၊ လာမယ့် နွေရာသီတို့မှာ ထပ်ခေါ်ကြတာပေါ့။ အခုလူစာရင်းနဲ့လည်း ကျွန်တော်ဟာ အရမ်းကို ကျေနပ်ပါတယ်။ စတုတ္ထမြောက် ကစားသမား မရလည်း ကျွန်တော်ကတော့ ရှေ့ဆက်ဖို့ အဆင်သင့်ပဲ။ အခု ဈေးကွက်ထဲက ကျွန်တော်တို့ လှည့်ထွက်ခဲ့မယ်ဆိုရင်လည်း ကျွန်တော်က အဆင်ပြေတယ်။ အဆင်သင့်ပဲ” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …