Jerome-Boateng-called-Jose-Mourinho - newsday myanmar


Zawgyi Version





mourinho call phone



Unicode version

မန်ယူနဲ့ ပူးပေါင်းဖို့ မော်ရင်ဟို ဖုန်းဆက်ကမ်းလှမ်းတုန်းက ဘိုတန် ဘယ်လိုပြန်ပြောလိုက်လဲ

ဘိုင်ယန်မြူးနစ် နောက်ခံကစားသမား ဘိုတန်က ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့တုန်းက မန်ယူအသင်းနဲ့ PSG အသင်းတို့က သူ့ကို စိတ်ဝင်စားခဲ့ကြတယ်လို့ ထုတ်ဖော်ပြောလိုက်ပြီး အိုးထရက်ဖို့ဒ်ဆီ ပြောင်းရွှေ့ဖို့ မန်ယူနည်းပြ မော်ရင်ဟိုက ဖုန်းဆက်ပြီး ကမ်းလှမ်းခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

manchester-united-mourinho

အသက် ၃၀ ရှိပြီဖြစ်တဲ့ ဘိုတန်ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ၇ နှစ် ကစားပြီးနောက် ဘွန်ဒစ်လီဂါမှ ထွက်ခွာကာ စိန်ခေါ်မှုအသစ်အဆန်းတွေ ရှာဖွေဖို့ ဆုံးဖြတ်ခဲ့သူ ဖြစ်ပြီး ကလပ်အများအပြားရဲ့ စိတ်ဝင်စားမှုခံခဲ့ရသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ဘိုင်ယန်မြူးနစ်အသင်းကို ချစ်ခင်တာကြောင့် ဆက်လက်ရှိနေခဲ့ကြောင်း အခုလို ပြောပါတယ်။

“မန်ချက်စတာယူနိုက်တက်နဲ့ PSG ကျွန်တော့်ဆီ လာပြီးစုံစမ်းတုန်းက သူတို့နဲ့ ပူးပေါင်းဖို့တောင် စိတ်ကူးခဲ့သေးတယ်” လို့ ဘိုတန်က Bild မှာ ပြောထားပါတယ်။

“ဒါပေမယ့် မဖြစ်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘိုင်ယန်မြူးနစ်နဲ့ ဝေးရာကို ထွက်မသွားချင်လို့ပဲ။ ဒါပေမယ့် စိန်ခေါ်မှုအသစ်တွေကိုတော့ ငတ်မွတ်နေခဲ့တယ်။ ကျွန်တော်ဟာ ဘိုင်ယန်မြူးနစ်မှာ နေလို့ကောင်းတယ်လို့ ခံစားရတယ်။ ဒီအသင်းဟာ ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းပဲ”

“ကျွန်တော့်ကို မော်ရင်ဟို ဖုန်းဆက်ခဲ့တယ်။ ကျွန်တော့်ကို စိတ်ဝင်စားတဲ့အတွက် ဝမ်းသာဂုဏ်ယူပါတယ်လို့ ကျွန်တော် ပြန်ပြောခဲ့တယ်။ ကျွန်တော့်ကို ခက်ခက်ခဲခဲခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ သူ့ကို ကျေးဇူးတင်တယ်။ ကျွန်တော့်အနေနဲ့ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာဖို့ ခက်ခဲကြောင်း ဟိုးဆေးကို ပြန်လည်ရှင်းပြခဲ့တယ်” လို့ ဘိုတန်က ဖွင့်ထုတ်ပြောကြားလိုက်ပါတယ်။

Check Also

မန်ယူကို အထင်မသေးသင့်ဘူးလို့ ဘာစီလိုနာကို သတိပေးလိုက်တဲ့ မော်ရင်ဟို

လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဘာစီလိုနာအသင်းအနေနဲ့ ဒီရာသီမှာ ဘယ်လောက်ပဲ ရလဒ်ကောင်း ထွက်ပေါ်နေပါစေ ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းကိုတော့ လေးစားမှုရှိရမယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။ မန်ယူအသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် …