ဂိုးသွင်းနိုင်ရင် အောင်ပွဲခံဖြစ်မလားမသိဘူးလို့ ပြောလိုက်တဲ့ ဟာနန်ဒက်ဇ်

ဝက်စ်ဟမ်းတိုက်စစ်မှူး ဟာနန်ဒက်ဇ်ဟာ လာမယ့်တနင်္ဂနွေနေ့တွင် အသင်းဟောင်း မန်ယူအသင်းနဲ့ အိုးထရက်ဖို့ဒ်မှာ ပြန်လည်ဆုံဆည်းရမှာမို့ ၀မ်းသာနေပြီး၊ အကယ်၍ ဂိုးသွင်းနိုင်ခဲ့ရင်တော့ အောင်ပွဲခံဖြစ်မလား မသိသေးဘူးလို့ ပြောလိုက်ပါတယ်။

“ကျွန်တော် အိုးထရက်ဖို့ဒ်မှာ ဂိုးသွင်းနိုင်ရင် အောင်ပွဲခံဖြစ်မလားမသိသေးဘူး” လို့ ဟာနန်ဒက်ဇ်က ပြောပါတယ်။

“ဒီပွဲက ကွင်းဟောင်းမှာ အသင်းဟောင်း၊ ပရိသတ်ဟောင်းတွေနဲ့ ပြန်လည်ဆုံးဆည်းရမယ့် ပထမဆုံးပွဲပဲ။ ဂိုးသွင်းနိုင်ရင်တော့ ဒီဂိုးက ၀က်စ်ဟမ်းအတွက် ကျွန်တော့်ရဲ့ပထမဆုံးဂိုးပဲ”

“အောင်ပွဲခံဖို့အတွက် ကျွန်တော် စဉ်းစားမနေပါဘူး။ ပွဲထွက်မှာ စတင်ပါဝင်ခွင့်ရပြီး၊ ကျွန်တော့်အသင်း ရလဒ်ကောင်းကောင်း ရချင်ပါတယ်”

“ကျွန်တော်က အခု ၀က်စ်ဟမ်းကစားသမား၊ ဟမ်းမားတစ်ယောက် ဖြစ်နေပြီ။ မန်ချက်စတာမှာထက် ပိုကောင်းအောင်လုပ်ချင်တယ်” လို့ ပြောလိုက်ပါတယ်။

 

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …