ဂျိမ်းစ်ရိုဒရီဂွတ်ကို ဘိုင်ယန်မြူးနစ်အသင်း (၂)နှစ်အငှားဖြင့် ခေါ်ယူ

ဘိုင်ယန်မြူးနစ်အသင်းဟာ ချဲလ်ဆီး၊ မန်ယူ၊ လီဗာပူးလ်တို့၏ ပစ်မှတ်ကစားသမား ဖြစ်ခဲ့ဖူးတဲ့ မက်ဒရစ်ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွတ်ဇ်ကို ၁ နှစ်လျှင် ပေါင် ၅ သန်းနှုန်း (၂)နှစ် အငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာလိုက်ပါတယ်။

“ကျွန်တော်တို့ ဒီအပြောင်းအရွှေ့ကို အကောင်အထည်ဖော်နိုင်လို့ အရမ်းဝမ်းသာပါတယ်။ ကျွန်ုပ်တို့၏ နည်းပြ အန်စလော့တီ၏ ဆန္ဒတွေကြောင့် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အောင်မြင်စွာ အလုပ်ဖြစ်ခဲ့ပါတယ်”

“ဂျိမ်းစ်က စွယ်စုံရကစားသမားတစ်ဦးပါ။ ဒီအပြောင်းအရွှေ့က ကျွန်တော်တို့အသင်း၏ အရည်အသွေးကို ပိုမိုမြင့်တက်လာစေလိမ့်မယ်” လို့ ဘိုင်ယန်ဥက္ကဌက ပြောကြားလိုက်ပါတယ်။

ထို့အပြင် ဘိုင်ယန်မြူးနစ်အသင်းဟာ စာချုပ်သက်တမ်းပြည့်တဲ့အခါ အဆိုပါကိုလံဘီယာသားကို ပြောင်းရွှေ့ကြေး ပေါင် ၃၅.၂သန်းနဲ့ အပြီး ခေါ်ယူနိုင်တဲ့ သဘောတူညီချက်လည်း ရရှိထားတယ်လို့ သိရပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …