ဘိုင်ယန်ပြောင်းရွှေ့ပြီး ရီးရဲလ်ကို ကျေးဇူးတင်တယ်လို့ ပြောလိုက်တဲ့ ဂျိမ်းစ်

ဘိုင်ယန်မြူးနစ်ကစားသမားသစ် ဂျိမ်းစ်ရိုဒရီဂွတ်ဇ်က ရီးရဲလ်မက်ဒရစ်အသင်းမှ ထွက်ခွာခဲ့ပြီးနောက် ကစားခွင့်ရတဲ့ (၃)နှစ်လုံးအတွက် လာလီဂါနဲ့ ဥရောပချန်ပီယံအား ကျေးဇူးတင်ကြောင်း ပြောလိုက်ပါတယ်။

ဂျိမ်းစ်ဟာ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲမှာ ပွဲထွက်လူစာရင်းထဲ မပါဝင်သည့်အပြင် အရံစာရင်းထဲမှာတောင် မရှိခဲ့သလို၊ ဇီဒန်း၏ နည်းစနစ်အောက်မှာ ပွဲထွက်ခွင့်ပုံမှန် ရဖို ခက်ခဲတာကြောင့် အသင်းပြောင်းချင်နေပြီး ဒီနွေအပြောင်းအရွှေ့မှာ မန်ယူ၊ ချဲလ်ဆီး၊ လီဗာပူးလ် စတဲ့ ပရီမီးယားလိဂ်ကလပ်များ၏ ပစ်မှတ်ကစားသမားဖြစ်ခဲ့ပေမယ့် ဘွန်ဒစ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းထံ (၂)နှစ် အငှားဖြင့် ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် နည်းပြဟောင်း အန်စလော့တီနဲ့ ပြန်လည်ပူးပေါင်းခွင့်ရရှိပြီး အပြီးပြောင်းရွှေ့ခွင့်ရရှိထားတဲ့ ဂျိမ်းစ်က ထိုအကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး ဘာမှမပြောပေမယ့် မက်ဒရစ်ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း အင်စတာဂရမ်မှာ အခုလိုပြောပါတယ်။

“မယုံနိုင်လောက်တဲ့ ဒီ(၃)နှစ်အတွင်း ကောင်းသောအခိုက်အတန့်လေးတွေအတွက် ကျေးဇူးအထူးတင်ရှိပါတယ်”

“ရီးရဲလ်မက်ဒရစ်ဂျာစီကို ၀တ်ဆင်ခွင့်ရလိုက်လို့ ပျော်ပါတယ်။ ဒီအတွက်လည်း ဂုဏ်ယူမိပါတယ်။ ကျွန်တော့်ကိုချစ်တဲ့ ပရိသတ်တိုင်အတွက် ကျေးဇူးတင်ပါတယ်လို့ပဲ ကျွန်တော် ပြောနိုင်မယ်။ အကောင်းဆုံးအတွေ့အကြုံတွေ ယူဆောင်လာခဲ့ပါ့မယ်။ အရာရာတိုင်းအတွက် ကျေးဇူးပါ” လို့ ပြောလိုက်ပါတယ်။

၂၀၁၄ ခုနှစ်မှ စတင်ပြီး ရီးရဲလ်မက်ဒရစ်အတွက် ပွဲအရေအတွက် ၁၁၁ ပွဲကစားပေးခဲ့တဲ့ ဂျိမ်းစ်ဟာ (၃၆)ဂိုး သွင်းယူပြီး ဖန်တီးမှု (၄၁)ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …