Ilkay-Gundogan-claims-Manchester-City-nervous-big-European-games

ခ်န္ပီယံလိဂ္ဆိုရင္ မန္စီးတီးက စိုးရိမ္စိတ္ေတြ မ်ားလြန္းတယ္လို႔ ဂန္ဒိုဂန္ ေျပာ

မန္စီးတီးအသင္းဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာဆိုရင္ ေၾကာက္ရြံ႕တုန္လႈပ္မႈေတြ မ်ားၿပီး အမွားေတြ က်ဴးလြန္မိတယ္လို႔ ကြင္းလယ္ကစားသမား ဂန္ဒိုဂန္က ေျပာလိုက္ပါတယ္။
ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္ ပထမအေက်ာ့မွာ မန္စီးတီးဟာ စပါးစ္အသင္းကို ၁-၀ နဲ႔ အေရးနိမ့္ခဲ့တာ ျဖစ္ပါတယ္။ ဂြာဒီယိုလာ လက္ထက္မွာ ဥေရာပဖလား သိမ္းပိုက္ႏိုင္ေရးအတြက္ ႀကိဳးစားေနတဲ့ မန္စီးတီးအသင္းဟာ ၿပီးခဲ့တဲ့ ႏွစ္ရာသီတုန္းကလည္း ၁၆ သင္း ရံႈးထြက္အဆင့္နဲ႔ ကြာတားဖိုင္နယ္အဆင့္တို႔ျဖင့္ အဆံုးသတ္သြားခဲ့ရပါတယ္။

ခ်န္ပီယံလိဂ္ဆိုရင္ မန္စီးတီးက စိုးရိမ္စိတ္ေတြ မ်ားလြန္းတယ္လို႔ ဂန္ဒိုဂန္ ေျပာ

“ခ်န္ပီယံလိဂ္ဆိုရင္ ကၽြန္ေတာ္တို႔က သတိၱမရွိဘူး။ အမွားေတြ ေတာ္ေတာ္မ်ားမ်ား လုပ္မိတယ္” လို႔ ဂန္ဒိုဂန္က Sky Deutschland မွာ ေျပာပါတယ္။
“ကၽြန္ေတာ္တို႔ဟာ ခ်န္ပီယံလိဂ္ပြဲေတြဆိုရင္ စိုးရိမ္စိတ္ေတြ မ်ားလြန္းတယ္လို႔ ခံစားရတယ္။ ေနာက္ၿပီး မွားယြင္းတဲ့ ဆံုးျဖတ္ခ်က္ေတြလည္း ခ်မိတတ္တယ္” လို႔ ဆိုပါတယ္။
မန္စီးတီးအသင္းဟာ ပထမပိုင္းမွာ ပင္နယ္တီမွ ဦးေဆာင္ဂိုးသြင္းႏိုင္မယ့္ အေနအထားမွာ ရွိခဲ့ေပမဲ့ တိုက္စစ္မွဴး အဂူရိုက ဂိုးအျဖစ္ မေျပာင္းလဲႏိုင္တာေၾကာင့္ သေရရလဒ္ မျဖစ္ခဲ့ဘဲ အရံႈးနဲ႔အိမ္ျပန္ခဲ့ရတာ ျဖစ္ပါတယ္။

Unicode version

ချန်ပီယံလိဂ်ဆိုရင် မန်စီးတီးက စိုးရိမ်စိတ်တွေ များလွန်းတယ်လို့ ဂန်ဒိုဂန် ပြော

မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာဆိုရင် ကြောက်ရွံ့တုန်လှုပ်မှုတွေ များပြီး အမှားတွေ ကျူးလွန်မိတယ်လို့ ကွင်းလယ်ကစားသမား ဂန်ဒိုဂန်က ပြောလိုက်ပါတယ်။
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့် ပထမအကျော့မှာ မန်စီးတီးဟာ စပါးစ်အသင်းကို ၁-၀ နဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဂွာဒီယိုလာ လက်ထက်မှာ ဥရောပဖလား သိမ်းပိုက်နိုင်ရေးအတွက် ကြိုးစားနေတဲ့ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ နှစ်ရာသီတုန်းကလည်း ၁၆ သင်း ရှုံးထွက်အဆင့်နဲ့ ကွာတားဖိုင်နယ်အဆင့်တို့ဖြင့် အဆုံးသတ်သွားခဲ့ရပါတယ်။
“ချန်ပီယံလိဂ်ဆိုရင် ကျွန်တော်တို့က သတ္တိမရှိဘူး။ အမှားတွေ တော်တော်များများ လုပ်မိတယ်” လို့ ဂန်ဒိုဂန်က Sky Deutschland မှာ ပြောပါတယ်။
“ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်ပွဲတွေဆိုရင် စိုးရိမ်စိတ်တွေ များလွန်းတယ်လို့ ခံစားရတယ်။ နောက်ပြီး မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေလည်း ချမိတတ်တယ်” လို့ ဆိုပါတယ်။
မန်စီးတီးအသင်းဟာ ပထမပိုင်းမှာ ပင်နယ်တီမှ ဦးဆောင်ဂိုးသွင်းနိုင်မယ့် အနေအထားမှာ ရှိခဲ့ပေမဲ့ တိုက်စစ်မှူး အဂူရိုက ဂိုးအဖြစ် မပြောင်းလဲနိုင်တာကြောင့် သရေရလဒ် မဖြစ်ခဲ့ဘဲ အရှုံးနဲ့အိမ်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။

Check Also

လီဗာပူးလ္အေၾကာင္း စဥ္းစားရင္ ခ်န္ပီယံမျဖစ္ႏိုင္ဘူးလို႔ ဂြာဒီယိုလာ သတိေပး

Zawgyi Version မန္စီးတီးနည္းျပ ပပ္ဂြာဒီယိုလာက အသင္းသားေတြအေနနဲ႔ လက္ရွိ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ လီဗာပူးလ္အသင္းအေၾကာင္းကိုပဲ စဥ္းစားေနမယ္ဆိုရင္ ပရီးမီးယားလိဂ္ခ်န္ပီယံဘ၀နဲ႔ ေ၀းသြားႏိုင္တာေၾကာင့္ ကိုယ့္အသင္းအႏိုင္ရေရးကိုသာ အာရံုစိုက္သင့္တယ္လို႔ သတိေပးေျပာၾကားလိုက္ပါတယ္။ …