“မာရှယ် ပြန်လည်တောက်ပလာနိုင်တယ်” လို့ မိုက်ကယ်ဆေးလ်ဗက်စ်တဲ ပြော

မာရှယ်ဟာ အီဗရာဟီမိုဗစ်ခ်ျရဲ့ ခြိမ်းခြောက်မှုဒဏ်မှ ကင်းဝေးခဲ့ပြီး နောက်တဖန် တောက်ပလာနိုင်တယ်လို့ မန်ယူကစားသမားဟောင်း မိုက်ကယ်ဆေးလ်ဗက်စ်တဲက ပြောပါတယ်။

မန်ယူအသင်းဟာ ရာသီကုန်ကတည်းက ဒူးခေါင်းဒဏ်ရာကြီးစွာ ရရှိထားတဲ့ ဇလာတန်ကို စွန့်လွှတ်ပြီးသားဖြစ်ပါတယ်။ မိုနာကိုအသင်းမှ ပြောင်းရွှေ့ကြေး ပေါင် ၃၆သန်း ဖြင့် ခေါ်ယူခဲ့တဲ့ ကမ္ဘာ့ဈေးအကြီးဆုံးလူငယ်ကစားသမား မာရှယ်ဟာ အိုးထရက်ဖို့စ်သို့ရောက်ရောက်ချင်း ပထမဆုံးရာသီမှာ ၁၇ ဂိုးသွင်းယူနိုင်ပြီး မန်ယူအသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမား ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် မိုဗစ်ခ်ျ ကလပ်သို့ရောက်လာတဲ့ ပြီးခဲ့တဲ့ရာသီမှာတော့ မာရှယ်ဟာ သူရဲ့ ယုံကြည်မှုတွေနဲ့ စွမ်းဆောင်ရည်တွေအားလုံး ပျောက်ဆုံးခဲ့ရပါတယ်။

မာရှယ်ဟာ သူရဲ့ ကျောနံပါတ် ၉ ကို မိုဗစ်အား ပေးအပ်လိုက်ရသလို၊ မော်ရင်ဟိုရဲ့ နည်းစနစ်အရ အထောင်တိုက်စစ်နေရာကို စွန့်စွာပြီး တောင်ပံနေမှာ ပြောင်းရွှေ့ကစားခဲ့ရတာကြောင့် သူဟာ ကလပ်မှာ မပျော်မရွှင် ဖြစ်ခဲ့ရပြီး (၈)ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။

ယခု ဇလာတန် ဒူးခေါင်းဒဏ်ရာရရှိနေခြင်းက မာရှယ်အပါဝင် လူငယ်ကစားသမားလေးတွေ တောက်ပလာဖို့ အခွင့်အလမ်းဖြစ်စေကြောင်း ပရီးမီးယားလိဂ်ဖလား (၅)ကြိမ် ဆွတ်ခူးနိုင်တဲ့ မန်ယူကစားသမားဟောင်း မိုက်ကယ်ဆေးလ်ဗက်စ်တဲက အခုလို ပြောပါတယ်။

“ဇလာတန်က အရှိန်အ၀ါကြီးလွန်းတယ်။ သူ့စရိုက်၊ သူ့အတ္တတွေက ဘေးနားမှာ ရှိတဲ့ လူငယ်ကစားသမားလေးတွေအတွက် ခြိမ်းခြောက်မှုတွေ ဖြစ်စေနိုင်တယ်။ ဒါပေမယ် ဒါတွေကလည်း ကစားသမားတစ်ယောက်မှာ ရှိသင့်အရာတွေဆိုပြီး ဥပမာယူလို့ရပါတယ်”

“အခု အန်သိုနီအပါဝင် လူငယ်ကစားသမားလေးတွေဟာ အသစ်ရောက်လာတဲ့ လူကာကူအပေါ် ဖိအားတွေ မရှိဘဲ ဂိုးတွေ သွင်းယူနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ ရက်ရှ်ဖို့ဒ်ရော မာရှယ်ပါ မနှစ်ကနဲ့မတူဘဲ ဂိုးတွေသွင်းနိုင်လိမ့်မယ်” လို့ ပြောလိုက်ပါတယ်။

ဆက်လက်ပြီး မာရှယ်ဟာ အာဆင်နယ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ ပစ်မှတ်ထားနေတဲ့ တနိုင်ငံတည်းသား အမ်ဘက်ပီနဲ့ ညီမျှတဲ့ ကစားသမားတစ်ဦး ဖြစ်နေလား? လို့ မေးကြည့်တော့ သူက “လုံးဝအတိအကျပါပဲ”ဆိုပြီး ပြန်လည်ဖြေကြားခဲ့ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …