i-want-to-stay-alba-hoping-to-remain-with-barcelona-as


Zawgyi version





Unicode version

ကလပ်ကို ချစ်လို့ ဒီမှာပဲ ဆက်နေသွားချင်တယ်လို့ ပြောလိုက်တဲ့ ဂျော်ဒီအယ်ဘား

ဘာစီလိုနာ နောက်ခံကစားသမား ဂျော်ဒီအယ်ဘားဟာ နောက်ရာသီဆိုရင် စာချုပ်သက်တမ်း ကုန်ဆုံးပါပြီ။ ဒါပေမဲ့ သူဟာ ဘာစီလိုနာအသင်းကို ချစ်တာကြောင့် ဒီမှာပဲ ဆက်နေချင်ကြောင်း အခုလို ရင်ဖွင့်လာပါတယ်။
“ကျွန်တော့်အတွက်တော့ အရာအားလုံးက အတူတူပဲလို့ ခံစားရတယ်။ ကျွန်တော့်မှာ စာချုပ်သက်တမ်း ၁ နှစ် ကျန်သေးတယ်။ ဒါကို ကလပ်က ဘယ်လိုစဉ်းစားနေလဲဆိုတာတော့ ကျွန်တော်မသိဘူး” လို့ ဂျော်ဒီအယ်ဘားက Marca ကို ပြောပါတယ်။
“ကျွန်တော်ကတော့ အေးဆေးပါပဲ။ သူတို့ စာချုပ်သက်တမ်းတိုးချင်ရင် တိုးလိမ့်မယ်။ ကျွန်တော်ကတော့ ဒီကလပ်ကို ချစ်တာကြောင့် ဒီမှာပဲ ဆက်နေချင်တယ်။ ဒီကလပ်ကို အမြဲတမ်းကူညီပေးသွားချင်တယ်။ ဒါပေမဲ့ ဒါကလည်း ကလပ်အပေါ်မှာပဲ မူတည်ပါတယ်”
“ကျွန်တော်လုပ်နိုင်တာကတော့ ကျွန်တော့် စွမ်းဆောင်ရည်ကို ဒီထက်ပိုကောင်းအောင် ကြိုးစားနိုင်ဖို့ရယ်။ ဆက်ပြီး ထိန်းထားနိုင်ဖို့ရယ်။ ဒါ့အပြင် တခြား ဘာမှ မမျှော်လင့်ဘူး” လို့ အယ်ဘားက ပြောပါတယ်။
အသက် ၂၉ နှစ် ပြည့်ပြီဖြစ်တဲ့ စပိန်နိုင်ငံသား ၂၀၁၂ ခုနှစ် ဗလင်စီယာအသင်းကနေ နူးကမ့်သို့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ကလပ်နဲ့အတူ ချန်ပီယံလိဂ်ဖလားနဲ့ လိဂ်ဖလားအပါအဝင် ဖလားပေါင်း ၁၃ လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ တနင်္ဂနွေနေ့က အီဘာအသင်းကို အိမ်ကွင်းမှာ ၃-၀ နဲ့အနိုင်ရပြီးနောက် ကပ်လျက် အက်သလက်တီကိုမက်ဒရစ်အသင်းကို ၅ မှတ်ဖြတ်ပြီး ဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

Check Also

အဲဒီအချိန်တုန်းက ကျွန်တော့်ခေတ်ပဲ

“ဘာစီလိုနာကို နိုင်ပွဲတွေရအောင် လုပ်ပေးသူက မက်ဆီ မဟုတ်ဘူး၊ ကျွန်တော်ပါ” – အီတူး

ဘာစီလိုနာ တိုက်စစ်မှူးဟောင်း အီတူးကတော့ နည်းပြ ပပ်ဂွာဒီယိုလာရဲ့ နည်းစနစ် ချုပ်ကိုင်မှုတွေကို အပြစ်တင် ရှုံ့ချလိုက်ပြီး ဘာစီလိုနာကို အနိုင်ရအောင် စွမ်းပေးခဲ့သူက မက်ဆီမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ အီတူးဟာ …