“ဖလားတွေ ဆွတ်ခူးသွားအုံးမှာ” လို့ ပြောလိုက်တဲ့ စီရော်နယ်ဒို

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် စီရော်နယ်ဒိုဟာ ကစားသမားဘ၀မှာ ဖလားတွေ ဆက်လက်ဆွတ်ခူးသွားချင်နေပြီး လာမယ့်ရာသီတွင် သူ့အနာဂတ်က ဘာနှေဗျူးမှာပဲ ရှိနေလိမ့်မယ်လို့  ပြောလိုက်ပါတယ်။

၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် လာလီဂါဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ စီရော်နယ်ဒိုဟာ နောက်ဆုံးရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် ချန်ပီယံလိဂ်ဖလားအပါအ၀င် ဖလား (၄)လုံး ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် အသက် ၃၂ နှစ်ရှိ အဆိုပါပေါ်တူဂီသားဟာ ပြီးခဲ့တဲ့ရာသီအတိုင်း လာမယ့်ရာသီမှာ ဆုဖလားတွေ ဆွတ်ခူးသွားချင်ကြောင်း အခုလိုပြောပါတယ်။

“နောက်ဆုံးရာသီမှာ ကလပ်အတွက် အဓိကဖလားတွေ ဆွတ်ခူးနိုင်ခြင်းဟာ သီးသန့်အောင်မြင်မှုတွေ ရရှိသလို ကြီးကျယ်ခမ်းနားတယ်။ ဒီလိုမျိုး နောက်တစ်ကြိမ် ထပ်လုပ်ဖြစ်လိမ့်မယ်” လို့ စီရော်နယ်ဒိုက Marca မှာ ပြောပါတယ်။

ဆက်လက်ပြီး စီရော်နယ်ဒိုက “ခင်ဗျားတို့လည်း တနှစ်ပြီး တနှစ် အလုပ်ပိုကြိုးစားဖို့ လိုအပ်တယ်။ ကျွန်တော်ကတော့ ဒီအတိုင်း ဆက်သွားနေမှာ။ ဘောလုံးက ကျွန်တော့်ဘ၀။ ဘောလုံးက ကျွန်တော့်စိတ်အားထက်သန်ရာ” လို့ ဖြည့်စွက်ပြောကြားပါတယ်။

ဇန်န၀ါရီလက ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ၄ ကြိမ်မြောက် ဆွတ်ခူးခဲ့တဲ့ စီရော်နယ်ဒိုဟာ လာမယ့်နှစ်မှာလည်း ဆက်လက်ဆွတ်ခူးနိုင်လိမ့်မယ်လို့ ရေပန်းစားနေပြီး Ballon d’Or ၅ ကြိမ် အများဆုံးပိုင်ဆိုင်ထားတဲ့ မက်ဆီရဲ့ စံချိန်ကို အမီလိုက်နိုင်တော့မှာ ဖြစ်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …