ဘာစီလိုနာနဲ့ ဆက်သွယ်မှုတွေ မရှိကြောင်း ငြင်းဆိုလိုက်တဲ့ ဟာရဲရား

ဟာရဲရားက ဘာစီလိုနာနဲ့ ဆက်သွယ်မှုတွေရှိနေတယ်ဆိုတာ မဟုတ်မမှန်ကြောင်း ငြင်းဆိုလိုက်ပြီး သူဟာ မန်ချက်စတာယူနိုက်တက်မှာပဲ ပျော်ရွှင်နေကြောင်း ပြောလိုက်ပါတယ်။

“ကျွန်တော် ယူနိုက်တက်မှာ အရမ်းပျော်တယ်။ ဘာစီလိုနာနဲ့ အဆက်အသွယ်တွေ မရှိပါဘူး။ ကျွန်တော်ဟာ ယူနိုက်တက်ရဲ့ တန်ဖိုးထားခြင်း ခံရသလို၊ သူတို့အပေါ်မှာ အာရုံစိုက်နေတယ်” လို့ ဟာရဲရားက LA Galaxy ကို ၅-၂ နဲ့ အနိုင်ရတဲ့ပွဲအပြီးမှာ ပြောပါတယ်။

ဆက်လက်ပြီး သြဂုတ်လ ၉ ရက်တွင် ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ရမယ့် ဥရောပစူပါဖလားနဲ့ ပတ်သတ်ပြီး မေးမြန်းကြည့်ရာ သူက အခုလို ပြန်ဖြေပါတယ်။

“ဥရောပစူပါဖလားနဲ့ ပတ်သတ်ပြီး ပြောရရင် ရီးရဲလ်မက်ဒရစ်က အခုအချိန်မှာ အင်အားအကောင်းဆုံးအသင်း။ ချန်ပီယံလိဂ်ဖလားကိုလည်း ၂နှစ်ဆက်တိုက် သိမ်းပိုက်ထားတယ်။ ဒါပေမယ့် ဥရောပစူပါဖလား ဖိုင်နယ်ပွဲတွေဆိုတာ စိတ်အားထက်သန်မှုတွေ အမြဲတမ်းဖြစ်စေတယ်”

“ကျွန်တော်လည်း စိတ်အားထက်သန်နေပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ မက်ဒရစ်ကို ဆန့်ကျင်ပြီး ကစားဖို့ဆိုတာ ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ စမ်းသပ်မှုတစ်ခုပဲ” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …