“မိုဗစ်ပြန်လာတာ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးချင်လို့ဖြစ်မယ်” လို့ အွန်နရီပြော

မန်ယူအသင်းသို့  နောက်တကြိမ် ပြန်လာတဲ့ အီဗရာဟီမိုဗစ်ခ်ျရဲ့ နောက်ကွယ်မှာ ပရီးမီးယားလိဂ် ဆွတ်ခူးချင်စိတ်တွေ ရှိနေတယ်လို့ အာဆင်နယ် ကစားသမားဟောင်း သီယာရီအွန်နရီက ပြောလိုက်ပါတယ်။

ဒူခေါင်းဒဏ်ရာမှ ပြန်လည်သက်သာလာတဲ့ အသက် ၃၅ နှစ်အရွယ်ရှိတဲ့ မိုဗစ်ခ်ျကို မန်ယူအသင်းက စာချုပ်(၁)နှစ် ထပ်ချုပ်လိုက်တာ ဖြစ်ပါတယ်။

မိုဗစ်ခ်ျဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပြိုင်ပွဲစုံ သွင်းဂိုး ၂၈ ဂိုး သွင်းယူနိုင်ခဲ့သလို၊ အသင်းအတွက် EFL ဖလားနဲ့ ယူရိုပါလိဂ်ဖလား ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့သူလည်း ဖြစ်ပါတယ်။

ဒီနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၂)ပွဲဆက်တိုက် အနိုင်ယူထားတဲ့ မော်ရင်ဟိုရဲ့ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက အမှတ်ပေးဇယားရဲ့ အဆင့် (၆)နေရာမှာသာ ရပ်တည်နိုင်ခဲ့ပေမယ့် အင်္ဂလန်မှာ ပြည်တွင်းဖလား ဆွတ်ခူးဖို့ စိတ်အားထက်သန်နေတဲ့ မိုဗစ်ခ်ျနဲ့အတူ ယခုနှစ် ပရီးမီးယားလိင်္ဂဖလား ဆွတ်ခူးနိုင်လိမ့်မည်ဖြစ်ကြောင်းကို အွန်နရီက အခုလို ပြောပါတယ်။

“ဇလာတန်ဟာ အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်တယ်။ ဒါကို သူ ပြိုင်ပွဲတွေမှာ သက်သေပြပြီးပြီ” လို့ သီယာရီအွန်နရီက Sky Sports မှာ ပြောပါတယ်။

“မန်ယူအသင်းအနေနဲ့ မိုဗစ်ခ်ျလို ကစားသမားမျိုး ထိန်းသိမ်းထားတာ ကျွန်တော့်အနေနဲ့ မအံ့သြဘူး။ မိုဗစ်ခ်ျက ပရီးမီးယားလိဂ်ဖလား မရဖူးသေးဘူး။ သူ အခုလို ပြန်လာတာဟာ ဒီစိန်ခေါ်မှုကြောင့်ပဲ ဖြစ်မယ်။ သူ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးချင်နေတာ ကျွန်တော် သိတယ်” လို့ သီယာရီအွန်နရီက  ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …