၂၃ နှစ်အကြာက ပရီးမီးယားလိဂ်မှတ်တမ်းကို အမီလိုက်နိုင်တဲ့ မစ်ခီတာရမ်

မန်ယူကွင်းလယ်ကစားသမား မစ်ခီတာရမ်က လက်စတာစီးတီးကို ၂-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ (၅)ကြိမ်မြောက် ဖန်တီးမှု ပြုလုပ်နိုင်ပြီးနောက် လွန်ခဲ့တဲ့ ၂၃ နှစ်အကြာက  ပရီးမီးယားလိဂ်မှတ်တမ်းတစ်ခုကို အမီလိုက်နိုင်ခဲ့ပါတယ်။

သူဟာ မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ ဦးဆောင်အဖွင့်ဂိုးကို ထောင့်ကန်ဘောကနေတဆင့် ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်းက ၀က်စ်ဟမ်းနဲ့ ဆွမ်ဆီးပွဲတွေမှာ ဖန်တီးမှု (၄)ကြိမ် ပြုလုပ်ထားပြီး ဖြစ်တဲ့ မစ်ခီတာရမ်ဟာ လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ်တုန်းက ပရီးမီးယားလိဂ် (၃)ပွဲကစား ဖန်တီးမှု (၅)ကြိမ် ပြုလုပ်နိုင်တဲ့ ရူးဖောက်စ်ရဲ့ စံချိန်ကို အမီလိုက်နိုင်ခဲ့ပါတယ်။

သူဟာ အခုလို ဖန်တီးပေးရလို့ ၀မ်းသာရကြောင်း၊ နောင်လည်း ဂိုးတွေသွင်းရင်း ဖန်တီးပေးချင်ကြောင်း အခုလို ပြောပါတယ်။

“နောက်ထပ် ဖန်တီးပေးနိုင်ခဲ့လို့ အရမ်းဝမ်းသာခဲ့ရတယ်။ အရမ်းလည်း စိတ်လှုပ်ရှားခဲ့တယ်” လို့ မစ်ခီတာရမ်က ပြောပါတယ်။

“ကျွန်တော့်အသင်းသားတွေကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီပုံစံအတိုင်း ဆက်လက်လုပ်ဆောင်သွားချင်ပါတယ်။ နောက်ထပ် ဂိုးတွေ သွင်းရင်း၊ ဖန်တီးပေးနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ထားတယ်” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …