hazard-messi-newsday-myanmar

“ဟာဇက္ထက္ ေကာင္းတာဆိုလို႔ မက္ဆီပဲ ရွိေတာ့တယ္” လို႔ ေျပာလိုက္တဲ့ ရူဒီဂါ

Zawgyi code version

ခ်ဲလ္ဆီး ေနာက္ခံကစားသမား ရူဒီဂါကေတာ့ ဘာစီလိုနာစူပါစတား လီယြန္နယ္မက္ဆီၿပီးရင္ ကမာၻ႕အေကာင္းဆံုးကစားသမားက အသင္းေဖာ္ အီဒင္ဟာဇက္ပါပဲလို႔ ေျပာလိုက္ပါတယ္။

ဟာဇက္ဟာ ၂၀၁၂ ခုႏွစ္က လိုင္လီအသင္းမွ စတမ္းဖို႔ဒ္ဘရစ္ခ်္သို႔ ေရာက္လာၿပီးေနာက္ပိုင္း ပရီးမီးယားလိဂ္မွာ ၾကည့္ရႈသူပရိသတ္ေတြအဖို႔ စိတ္လႈပ္ရွားမႈ အေပးစြမ္းႏိုင္ဆံုး ကစားသမားတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။

eden-hazard-chelsea-2018-19-newsday-myanmar

အသက္ ၂၇ ႏွစ္ ရွိၿပီျဖစ္တဲ့ ဘယ္လ္ဂ်ီယံသားဟာ ခ်ဲလ္ဆီးအသင္းအတြက္ ပရီးမီးယားလိဂ္ဖလား ၂ ႀကိမ္၊ ယူရိုပါလိဂ္ဖလားနဲ႔ FA ဖလားတို႔ကို ဆြတ္ခူးေပးႏိုင္ခဲ့ၿပီး ရာျပည့္ဂိုးသြင္းယူႏိုင္ဖို႔ နီးစပ္ေနခဲ့ပါတယ္။

ဟာဇတ္ဟာ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ အထင္ႀကီးေလးစရာေကာင္းေပမယ့္ ကမာၻ႕အေကာင္းဆံုးကစားသမားဆု Ballon d’Or ဆုအတြက္ မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ကို ခုအခ်ိန္အထိ စိန္ေခၚႏိုင္ခဲ့ျခင္း မရွိခဲ့ပါဘူး။ ဒါေပမယ့္ ဂ်ာမနီႏိုင္ငံသား ရူဒီဂါကေတာ့ ဘာစီလိုနာနဲ႔ အာဂ်င္တီးနား စူပါစတား မက္ဆီၿပီးရင္ ဟာဇတ္ဟာ ဒုတိယအေကာင္းဆံုးျဖစ္ေၾကာင္း အခုလို ေျပာပါတယ္။

“အမ္ဘက္ပီက မယံုႏိုင္ေလာက္ေအာင္ကို ျမန္လြန္းတယ္။ အရမ္းေကာင္းပါတယ္။ သူ႕ကို ရပ္တန္႔ဖို႔ဆိုရင္ တစ္သင္းလံုး၀ိုင္းၿပီး ႀကိဳးစားရလိမ့္မယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ တစ္ေယာက္တည္းနဲ႔ သူ႕ကို ရပ္တန္႔ဖို႔ စဥ္းစားထားရင္ ကံေကာင္းမွပဲ ျဖစ္ႏိုင္မယ္”

“ဒါေပမယ့္ ကၽြန္ေတာ့္အတြက္ေတာ့ ကမာၻ႕အေကာင္းဆံုးက မက္ဆီပဲ။ ၿပီးရင္ ဟာဇတ္” လို႔ ရူဒီဂါက ေျပာလိုက္ပါတယ္။

Unicode version

“ဟာဇက်ထက် ကောင်းတာဆိုလို့ မက်ဆီပဲ ရှိတော့တယ်” လို့ ပြောလိုက်တဲ့ ရူဒီဂါ

ချဲလ်ဆီး နောက်ခံကစားသမား ရူဒီဂါကတော့ ဘာစီလိုနာစူပါစတား လီယွန်နယ်မက်ဆီပြီးရင် ကမ္ဘာ့အကောင်းဆုံးကစားသမားက အသင်းဖော် အီဒင်ဟာဇက်ပါပဲလို့ ပြောလိုက်ပါတယ်။

skysports-eden-hazard-chelsea-newsday-myanmar

ဟာဇက်ဟာ ၂၀၁၂ ခုနှစ်က လိုင်လီအသင်းမှ စတမ်းဖို့ဒ်ဘရစ်ချ်သို့ ရောက်လာပြီးနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ကြည့်ရှုသူပရိသတ်တွေအဖို့ စိတ်လှုပ်ရှားမှု အပေးစွမ်းနိုင်ဆုံး ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

အသက် ၂၇ နှစ် ရှိပြီဖြစ်တဲ့ ဘယ်လ်ဂျီယံသားဟာ ချဲလ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ ယူရိုပါလိဂ်ဖလားနဲ့ FA ဖလားတို့ကို ဆွတ်ခူးပေးနိုင်ခဲ့ပြီး ရာပြည့်ဂိုးသွင်းယူနိုင်ဖို့ နီးစပ်နေခဲ့ပါတယ်။

ဟာဇတ်ဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ အထင်ကြီးလေးစရာကောင်းပေမယ့် ကမ္ဘာ့အကောင်းဆုံးကစားသမားဆု Ballon d’Or ဆုအတွက် မက်ဆီနဲ့ ရော်နယ်ဒိုတို့ကို ခုအချိန်အထိ စိန်ခေါ်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် ဂျာမနီနိုင်ငံသား ရူဒီဂါကတော့ ဘာစီလိုနာနဲ့ အာဂျင်တီးနား စူပါစတား မက်ဆီပြီးရင် ဟာဇတ်ဟာ ဒုတိယအကောင်းဆုံးဖြစ်ကြောင်း အခုလို ပြောပါတယ်။

messi-newsday-myanmar-champion-league-1

“အမ်ဘက်ပီက မယုံနိုင်လောက်အောင်ကို မြန်လွန်းတယ်။ အရမ်းကောင်းပါတယ်။ သူ့ကို ရပ်တန့်ဖို့ဆိုရင် တစ်သင်းလုံးဝိုင်းပြီး ကြိုးစားရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်တည်းနဲ့ သူ့ကို ရပ်တန့်ဖို့ စဉ်းစားထားရင် ကံကောင်းမှပဲ ဖြစ်နိုင်မယ်”

“ဒါပေမယ့် ကျွန်တော့်အတွက်တော့ ကမ္ဘာ့အကောင်းဆုံးက မက်ဆီပဲ။ ပြီးရင် ဟာဇတ်” လို့ ရူဒီဂါက ပြောလိုက်ပါတယ်။

Check Also

Eden Hazard of Chelsea during the Premier League match at Stamford Bridge, London

ခ်ဲလ္ဆီးအသင္းအတြက္ ယူရိုပါလိဂ္ဖလား ဆြတ္ခူးေပးခ်င္တယ္လို႔ ေျပာလိုက္တဲ့ ဟာဇတ္

ခ်ဲလ္ဆီး ၾကယ္ပြင့္ အီဒင္ဟာဇတ္ဟာ ကလပ္နဲ႔ စာခ်ဳပ္သစ္ မခ်ဳပ္ဆိုေတာ့တာေၾကာင့္ ဒီႏွစ္ေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ပူးေပါင္းဖို႔ စတမ္းဖို႔ဘရစ္ကေန ထြက္ခြာႏိုင္ဖြယ္ ရွိေနတယ္လို႔ သတင္းေတြ က်ယ္ျပန္႔စြာ ထြက္ေပၚလာခဲ့ပါတယ္။ …