Arsenal v Manchester City - Carabao Cup Final

ဘာစီလိုနာမွာ နည္းျပျပန္လုပ္ဦးမယ့္ ဂြာဒီယိုလာ

Zawgyi Version

မန္စီးတီးနည္းျပ ပပ္ဂြာဒီယိုလာကေတာ့ သူဟာ နည္းျပဘ၀ကေန ရာသက္ပန္အနားမယူခင္ ဘာစီလိုနာမွာ နည္းျပျပန္လုပ္ခ်င္တယ္လို႔ ေျပာလိုက္ၿပီး ျဖစ္ႏိုင္ဆံုးကေတာ့ လူငယ္အသင္းမွာပဲ လုပ္ျဖစ္ဖို႔မ်ားတယ္လို႔ ေျပာလိုက္ပါတယ္။

အသက္ ၄၇ ႏွစ္ ရွိတဲ့ ဂြာဒီယိုလာဟာ ဘာစီလိုနာအသင္းႀကီးမွာ နည္းျပမျဖစ္ခင္ ၂၀၀၇ ခုႏွစ္တြင္ လူငယ္အသင္း Barca B ကို နည္းျပေပးခဲ့သူ ျဖစ္ပါတယ္။ ဖရန္႕ရစ္ဂတ္ မရွိေတာ့မွ အသင္းႀကီးမွာ နည္းျပတာ၀န္ကို လႊဲေျပာင္းယူခဲ့တာပါ။

Guardiola success in barca

သူဟာ ဘာစီလိုနာအသင္းနဲ႔အတူ လာလီဂါဖလား ၃ ႀကိမ္၊ ခ်န္ပီယံလိဂ္ဖလား ၂ ႀကိမ္နဲ႔ ကမာၻ႕ကလပ္ဖလား ၂ ႀကိမ္တို႔ကို နည္းျပသက္တမ္း ၄ ႏွစ္အတြင္းမွာ အေအာင္ျမင္ဆံုး ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ထို႔ေနာက္ ဘိုင္ယန္ျမဴးနစ္မွာ စတင္နည္းျပၿပီး ယခု မန္စီးတီးအသင္းကို ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္။

ဒီရာသီဟာ ဂြာဒီယိုလာအတြက္ မန္စီးတီးနည္းျပအျဖစ္ ၃ ရာသီေျမာက္ျဖစ္ၿပီး မႏွစ္ကလိုပဲ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ သူက ေမွ်ာ္လင့္ထားပါေသးတယ္။

Guardiola success in man city

“ကၽြန္ေတာ္ ကိုင္တြယ္ခဲ့တဲ့အသင္းေတြကို ကၽြန္ေတာ္ကစားခ်င္တဲ့  ပံုစံအတိုင္း ေလ့က်င့္ေပးၿပီး၊ ေလ့က်င့္ေပးေနပါတယ္” လို႔ ဂြာဒီယိုလာက ေျပာပါတယ္။

“ကၽြန္ေတာ္ဟာ  အစျပဳတဲ့ေနရာမွာ အဆံုးသတ္ျဖစ္လိမ့္မယ္။ ကၽြန္ေတာ့္ရဲ႕ ေနာက္ဆံုးေျခလွမ္းေတြဟာ လူငယ္အသင္းေတြနဲ႔ပဲ ျဖစ္လိမ့္မယ္။ ဒါဟာ ဘာစီလိုနာမွာပဲ ျဖစ္လိမ့္မယ္” လို႔ ဂြာဒီယိုလာက ေျပာလိုက္ပါတယ္။

ဂြာဒီယိုလာဟာ မန္စီးတီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္းက ၂၀၂၀-၂၁ ေဘာလံုးရာသီမွာ ကုန္ဆံုးသြားမွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။

Unicode version

ဘာစီလိုနာမှာ နည်းပြပြန်လုပ်ဦးမယ့် ဂွာဒီယိုလာ

မန်စီးတီးနည်းပြ ပပ်ဂွာဒီယိုလာကတော့ သူဟာ နည်းပြဘဝကနေ ရာသက်ပန်အနားမယူခင် ဘာစီလိုနာမှာ နည်းပြပြန်လုပ်ချင်တယ်လို့ ပြောလိုက်ပြီး ဖြစ်နိုင်ဆုံးကတော့ လူငယ်အသင်းမှာပဲ လုပ်ဖြစ်ဖို့များတယ်လို့ ပြောလိုက်ပါတယ်။

Guardiola return to barca

အသက် ၄၇ နှစ် ရှိတဲ့ ဂွာဒီယိုလာဟာ ဘာစီလိုနာအသင်းကြီးမှာ နည်းပြမဖြစ်ခင် ၂၀၀၇ ခုနှစ်တွင် လူငယ်အသင်း Barca B ကို နည်းပြပေးခဲ့သူ ဖြစ်ပါတယ်။ ဖရန့်ရစ်ဂတ် မရှိတော့မှ အသင်းကြီးမှာ နည်းပြတာဝန်ကို လွှဲပြောင်းယူခဲ့တာပါ။ သူဟာ ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်နဲ့ ကမ္ဘာ့ကလပ်ဖလား ၂ ကြိမ်တို့ကို နည်းပြသက်တမ်း ၄ နှစ်အတွင်းမှာ အအောင်မြင်ဆုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ထို့နောက် ဘိုင်ယန်မြူးနစ်မှာ စတင်နည်းပြပြီး ယခု မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီဟာ ဂွာဒီယိုလာအတွက် မန်စီးတီးနည်းပြအဖြစ် ၃ ရာသီမြောက်ဖြစ်ပြီး မနှစ်ကလိုပဲ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ သူက မျှော်လင့်ထားပါသေးတယ်။

“ကျွန်တော် ကိုင်တွယ်ခဲ့တဲ့အသင်းတွေကို ကျွန်တော်ကစားချင်တဲ့  ပုံစံအတိုင်း လေ့ကျင့်ပေးပြီး၊ လေ့ကျင့်ပေးနေပါတယ်” လို့ ဂွာဒီယိုလာက ပြောပါတယ်။

“ကျွန်တော်ဟာ  အစပြုတဲ့နေရာမှာ အဆုံးသတ်ဖြစ်လိမ့်မယ်။ ကျွန်တော့်ရဲ့ နောက်ဆုံးခြေလှမ်းတွေဟာ လူငယ်အသင်းတွေနဲ့ပဲ ဖြစ်လိမ့်မယ်။ ဒါဟာ ဘာစီလိုနာမှာပဲ ဖြစ်လိမ့်မယ်” လို့ ဂွာဒီယိုလာက ပြောလိုက်ပါတယ်။

ဂွာဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းက ၂၀၂၀-၂၁ ဘောလုံးရာသီမှာ ကုန်ဆုံးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Check Also

Ilkay-Gundogan-claims-Manchester-City-nervous-big-European-games

ခ်န္ပီယံလိဂ္ဆိုရင္ မန္စီးတီးက စိုးရိမ္စိတ္ေတြ မ်ားလြန္းတယ္လို႔ ဂန္ဒိုဂန္ ေျပာ

မန္စီးတီးအသင္းဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာဆိုရင္ ေၾကာက္ရြံ႕တုန္လႈပ္မႈေတြ မ်ားၿပီး အမွားေတြ က်ဴးလြန္မိတယ္လို႔ ကြင္းလယ္ကစားသမား ဂန္ဒိုဂန္က ေျပာလိုက္ပါတယ္။ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္ ပထမအေက်ာ့မွာ မန္စီးတီးဟာ စပါးစ္အသင္းကို ၁-၀ နဲ႔ …