ဒီေဂ်ာင္းကို စိတ္၀င္စားေပမဲ့ ဘာကာနဲ႔ မက္ဒရစ္ကို မယွဥ္ႏိုင္ဘူးလို႔ ေျပာလိုက္တဲ့ ဂြာဒီယိုလာ

ဒီေဂ်ာင္းကို စိတ္၀င္စားေပမဲ့ ဘာကာနဲ႔ မက္ဒရစ္ကို မယွဥ္ႏိုင္ဘူးလို႔ ဂြာဒီယိုလာ ေျပာ

Zawgyi Version

မန္စီးတီးနည္းျပ ပပ္ဂြာဒီယိုလာက အေျပာင္းအေရႊ႕ေစ်းကြက္မွာ လာလီဂါဘီလူးေတြ ျဖစ္ၾကတဲ့ ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္တို႔ကို ဘယ္လိုမွ မယွဥ္ႏိုင္ဘူးလို႔ ၀န္ခံေျပာၾကားလိုက္ပါတယ္။
မန္စီးတီးအသင္းဟာ အသက္ ၂၁ ႏွစ္အရြယ္ရွိတဲ့ ေအဂ်က္စ္နဲ႔ နယ္သာလန္ကစားသမား ဒီေဂ်ာင္းကို စိတ္၀င္စားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ ဒါေပမဲ့ ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္တို႕ကလည္း စိတ္၀င္စားေနတာေၾကာင့္ ဒီကိစၥဟာ မလြယ္ကူေၾကာင္း ဂြာဒီယိုလာက အခုလို ေျပာပါတယ္။

Pep Guardiola livid over Frenkie de Jong

“ကစားသမားေတြ အမ်ားႀကီးကို မင္းတစ္ေယာက္တည္းက လိုခ်င္တယ္ဆိုရင္ ေခၚရတာ လြယ္ေကာင္းလြယ္မယ္။ ဒါေပမဲ့ ကစားသမားတစ္ေယာက္တည္းကို ကလပ္ေတြအမ်ားႀကီးက လိုခ်င္တယ္ဆိုရင္ေတာ့ ဒါက ခက္သြားၿပီ။ ရႈပ္ေထြးသြားၿပီ။ အထူးသျဖင့္ မက္ဒရစ္နဲ႔ ဘာစီလိုနာဆိုရင္ ပိုေတာင္မလြယ္ေတာ့ဘူး” လို႔ ဂြာဒီယိုလာက သတင္းေထာက္ေတြကို ေျပာပါတယ္။

“အေျခခံအားျဖင့္ မက္ဒရစ္နဲ႔ ဘာစီလိုနာ ပါ၀င္ပတ္သတ္ေနၿပီဆိုရင္ ရံႈးဖို႔သာ မွတ္ေတာ့။ ဒီေတာ့ လွ်င္လွ်င္ျမန္ျမန္နဲ႔ အက်ဳိးရွိရွိလုပ္ႏိုင္ဖို႔ လိုတယ္”
“ဒါေပမဲ့ ကၽြန္ေတာ္က ဒီေအဂ်က္စ္ကစားသမားနဲ႔ ပတ္သက္ၿပီးေတာ့ ဘာမွမေျပာပါဘူး။ အေၾကာင္းက သူဟာ ေအဂ်က္စ္ကစားသမား ျဖစ္ေနလို႔ပဲ။ သူနဲ႔အေျပာင္းအေရႊ႕မျဖစ္ခဲ့ရင္ တျခားကစားသမားေတြ အမ်ားႀကီးရွိေသးတယ္” လို႔ ဂြာဒီယိုလာက ေျပာလိုက္ပါတယ္။

Unicode version

အပြောင်းအရွှေ့ဈေးကွက်မှာ မက်ဒရစ်နဲ့ ဘာကာကို မယှဉ်နိုင်ဘူးလို့ ပြောလိုက်တဲ့ ဂွာဒီယိုလာ

မန်စီးတီးနည်းပြ ပပ်ဂွာဒီယိုလာက အပြောင်းအရွှေ့ဈေးကွက်မှာ လာလီဂါဘီလူးတွေ ဖြစ်ကြတဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ကို ဘယ်လိုမှ မယှဉ်နိုင်ဘူးလို့ ဝန်ခံပြောကြားလိုက်ပါတယ်။
မန်စီးတီးအသင်းဟာ အသက် ၂၁ နှစ်အရွယ်ရှိတဲ့ အေဂျက်စ်နဲ့ နယ်သာလန်ကစားသမား ဒီဂျောင်းကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ကလည်း စိတ်ဝင်စားနေတာကြောင့် ဒီကိစ္စဟာ မလွယ်ကူကြောင်း ဂွာဒီယိုလာက အခုလို ပြောပါတယ်။
“ကစားသမားတွေ အများကြီးကို မင်းတစ်ယောက်တည်းက လိုချင်တယ်ဆိုရင် ခေါ်ရတာ လွယ်ကောင်းလွယ်မယ်။ ဒါပေမဲ့ ကစားသမားတစ်ယောက်တည်းကို ကလပ်တွေအများကြီးက လိုချင်တယ်ဆိုရင်တော့ ဒါက ခက်သွားပြီ။ ရှုပ်ထွေးသွားပြီ။ အထူးသဖြင့် မက်ဒရစ်နဲ့ ဘာစီလိုနာဆိုရင် ပိုတောင်မလွယ်တော့ဘူး” လို့ ဂွာဒီယိုလာက သတင်းထောက်တွေကို ပြောပါတယ်။
“အခြေခံအားဖြင့် မက်ဒရစ်နဲ့ ဘာစီလိုနာ ပါဝင်ပတ်သတ်နေပြီဆိုရင် ရှုံးဖို့သာ မှတ်တော့။ ဒီတော့ လျှင်လျှင်မြန်မြန်နဲ့ အကျိုးရှိရှိလုပ်နိုင်ဖို့ လိုတယ်”
“ဒါပေမဲ့ ကျွန်တော်က ဒီအေဂျက်စ်ကစားသမားနဲ့ ပတ်သက်ပြီးတော့ ဘာမှမပြောပါဘူး။ အကြောင်းက သူဟာ အေဂျက်စ်ကစားသမား ဖြစ်နေလို့ပဲ။ သူနဲ့အပြောင်းအရွှေ့မဖြစ်ခဲ့ရင် တခြားကစားသမားတွေ အများကြီးရှိသေးတယ်” လို့ ဂွာဒီယိုလာက ပြောလိုက်ပါတယ်။

Check Also

Ilkay-Gundogan-claims-Manchester-City-nervous-big-European-games

ခ်န္ပီယံလိဂ္ဆိုရင္ မန္စီးတီးက စိုးရိမ္စိတ္ေတြ မ်ားလြန္းတယ္လို႔ ဂန္ဒိုဂန္ ေျပာ

မန္စီးတီးအသင္းဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာဆိုရင္ ေၾကာက္ရြံ႕တုန္လႈပ္မႈေတြ မ်ားၿပီး အမွားေတြ က်ဴးလြန္မိတယ္လို႔ ကြင္းလယ္ကစားသမား ဂန္ဒိုဂန္က ေျပာလိုက္ပါတယ္။ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္ ပထမအေက်ာ့မွာ မန္စီးတီးဟာ စပါးစ္အသင္းကို ၁-၀ နဲ႔ …