“လီဗာပူးလ္အသင္း ပရီးမီးယားလိဂ္ခ်န္ပီယံ ျဖစ္ခ်င္ရင္ ခ်န္ပီယံလိဂ္ကို ေမ႕လိုက္ပါ” – နဗီးလ္

Zawgyi Version

မန္ယူသူရဲေကာင္း ဂယ္ရီနဗီးလ္က လီဗာပူးလ္အသင္းအေနနဲ႔ ႏွစ္ေပါင္း ၂၈ ႏွစ္ ေ၀းကြာေနတဲ့ ပရီးမီးယားလိဂ္ဖလားႀကီးကို ဒီႏွစ္ ျပန္လည္သိမ္းပိုက္ခ်င္တယ္ဆိုရင္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကို စြန္႕လႊတ္ရလိမ့္မယ္လို႔ အႀကံျပဳေျပာၾကားလိုက္ပါတယ္။

Sadio-Mane-Roberto-Firmino-Mohamed-Salah-newsday myanmar

ဒီရာသီမွာ ယွဥ္ၿပိဳင္ၿပီးသမွ် ပရီးမီးယားလိဂ္ ၄ ပြဲလံုး အႏိုင္ရရွိထားတဲ့ ဂ်ာဂင္ကေလာ့ပ္ရဲ႕ ႀကိဳးၾကာနီအသင္းဟာ ဂြာဒီယိုလာရဲ႕ မန္စီးတီးအသင္းကို အနီးကပ္ဆံုး စိန္ေခၚေနၿပီး ေမာ္ရင္ဟိုရဲ႕ သရဲနီအသင္းကို ၆ မွတ္ ျဖတ္ထားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္ နဗီးလ္ကေတာ့ လီဗာပူးလ္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲမွာ ေျပးအားေကာင္းေကာင္းနဲ႔ ဖလားသိမ္းပိုက္လိုပါက ယွဥ္ၿပိဳင္ရခက္ခဲတဲ့ ခ်န္ပီယံလိဂ္ကို လစ္လ်ဴရွႈထားသင့္ေၾကာင္း အခုလို ေဆြးေႏြးေပးထားပါတယ္။

“ကၽြန္ေတာ္သာ လီဗာပူးလ္ဆိုရင္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲႀကီးကို စြန္႕လႊတ္ပစ္မွာ” လို႔ နဗီးက ေျပာပါတယ္။

gary neville-newsday myanmar

“ဒီၿပိဳင္ပြဲက အရမ္းခက္ခဲတယ္ဆိုတာ ကၽြန္ေတာ္ သိတယ္။ ေဖေဖာ္၀ါရီ၊ မတ္၊ ဧၿပီလေတြမွာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲေတြ မရွိဘူးဆိုရင္ သူတို႔အသင္း ပရီးမီးယားလိဂ္ဖလား ခ်န္ပီယံ ျဖစ္သြားႏိုင္တယ္။ နားရက္ေတြ ပိုမ်ားေလ ပရီးမီးယားလိဂ္ဖလား သိမ္းပိုက္ဖို႔ သူတို႔အတြက္ အခြင့္အေရးပိုေကာင္းေလပဲ”

“သူတို႔က ခ်န္ပီယံလိဂ္ေရာ ပရီးမီးယားလိဂ္ေရာပါ အႏိုင္ရခ်င္တာဆိုေတာ့ သူတို႔ရဲ႕ တိုက္စစ္မွဴးေတြ ေမာၿပီေပါ့ဗ်ာ” လို႔ နဗီးလ္က ေျပာလိုက္ပါတယ္။

Unicode version

“လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ချင်ရင် ချန်ပီယံလိဂ်ကို မေ့လိုက်ပါ” – နဗီးလ်

မန်ယူသူရဲကောင်း ဂယ်ရီနဗီးလ်က လီဗာပူးလ်အသင်းအနေနဲ့ နှစ်ပေါင်း ၂၈ နှစ် ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကြီးကို ဒီနှစ် ပြန်လည်သိမ်းပိုက်ချင်တယ်ဆိုရင် ချန်ပီယံလိဂ်ပြိုင်ပွဲကို စွန့်လွှတ်ရလိမ့်မယ်လို့ အကြံပြုပြောကြားလိုက်ပါတယ်။

ဒီရာသီမှာ ယှဉ်ပြိုင်ပြီးသမျှ ပရီးမီးယားလိဂ် ၄ ပွဲလုံး အနိုင်ရရှိထားတဲ့ ဂျာဂင်ကလော့ပ်ရဲ့ ကြိုးကြာနီအသင်းဟာ ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းကို အနီးကပ်ဆုံး စိန်ခေါ်နေပြီး မော်ရင်ဟိုရဲ့ သရဲနီအသင်းကို ၆ မှတ် ဖြတ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် နဗီးလ်ကတော့ လီဗာပူးလ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ ပြေးအားကောင်းကောင်းနဲ့ ဖလားသိမ်းပိုက်လိုပါက ယှဉ်ပြိုင်ရခက်ခဲတဲ့ ချန်ပီယံလိဂ်ကို လစ်လျူရှှုထားသင့်ကြောင်း အခုလို ဆွေးနွေးပေးထားပါတယ်။

“ကျွန်တော်သာ လီဗာပူးလ်ဆိုရင် ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကို စွန့်လွှတ်ပစ်မှာ” လို့ နဗီးက ပြောပါတယ်။

“ဒီပြိုင်ပွဲက အရမ်းခက်ခဲတယ်ဆိုတာ ကျွန်တော် သိတယ်။ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလတွေမှာ ချန်ပီယံလိဂ်ပြိုင်ပွဲတွေ မရှိဘူးဆိုရင် သူတို့အသင်း ပရီးမီးယားလိဂ်ဖလား ချန်ပီယံ ဖြစ်သွားနိုင်တယ်။ နားရက်တွေ ပိုများလေ ပရီးမီးယားလိဂ်ဖလား သိမ်းပိုက်ဖို့ သူတို့အတွက် အခွင့်အရေးပိုကောင်းလေပဲ”

“သူတို့က ချန်ပီယံလိဂ်ရော ပရီးမီးယားလိဂ်ရောပါ အနိုင်ရချင်တာဆိုတော့ သူတို့ရဲ့ တိုက်စစ်မှူးတွေ မောပြီပေါ့ဗျာ” လို့ နဗီးလ်က ပြောလိုက်ပါတယ်။

Check Also

ေပၚတိုကို ၂-၀ နဲ႔ ႏိုင္ၿပီးမွ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲက ထြက္ရရင္ လီဗာပူးလ္အသင္း ကပ္ဆိုက္တာပဲလို႔ မိုက္ကယ္အို၀င္ သံုးသပ္

ေပၚတိုကို ၂-၀ နဲ႔ ႏိုင္ၿပီးမွ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲက ထြက္ရရင္ လီဗာပူးလ္အသင္း ကပ္ဆိုက္တာပဲလို႔ မိုက္ကယ္အို၀င္ သံုးသပ္

လီဗာပူးလ္အသင္းရဲ႕ နာမည္ေက်ာ္ကစားသမားေဟာင္း မိုက္ကယ္အို၀င္ကေတာ့ ပထမအေက်ာ့ရလဒ္အရ ကြာတားဖိုင္နယ္အဆင့္က လီဗာပူးလ္အသင္း ထြက္ခြာသြားရရင္ ကပ္ဆိုက္တာျဖစ္မယ္ဆိုၿပီး သံုးသပ္ေျပာၾကားလိုက္ပါတယ္။ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္ ပထမေက်ာ့ကို လီဗာပူးလ္အသင္းဟာ ေပၚတုိုအသင္းနဲ႔ အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ခဲ့ရာ …