gary neville-newsday myanmar

“မန္ယူအသင္း ဒီထက္ပိုေကာင္းခ်င္ရင္ ကစားသမားတစ္ေယာက္ ေရာင္းဖို႔လိုၿပီ” လို႔ ဂယ္ရီနဗီးလ္ အႀကံျပဳ

Zawgyi Version

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ အသင္းကို ဒီထက္ပိုေကာင္းမြန္ခ်င္တယ္ဆိုရင္ အသင္းအေပၚ အာရံုစိုက္စိတ္၀င္စားမႈ နည္းေနတဲ့ ကြင္းလယ္ကစားသမား ေပါ့ဘာကို ေရာင္းလိုက္ပါလို႔ ကစားသမားေဟာင္း ဂယ္ရီနဗီးလ္က အႀကံျပဳေျပာၾကားလိုက္ပါတယ္။

Gary-Neville-claims-Manchester-United-sell-Paul-Pogba-isnt-committed

ေပါ့ဘာဟာ ၂၀၁၆ခုႏွစ္ ဇြန္လပိုင္းတုန္းက အိုးထရက္ဖို႔ဒ္သို႔ တေက်ာ့ျပန္လည္ ေရာက္ရွိလာၿပီး လက္ရွိအခ်ိန္မွာ နည္းျပ ေမာ္ရင္ဟိုနဲ႔ အဆင္မေျပ ျဖစ္ေနၿပီး ဘာစီလိုနာ၊ ဂ်ဴဗင္တပ္အသင္းတို႔ ဆက္သြယ္မႈေတြ ရွိေနပါတယ္။ ဒါ့ေၾကာင့္ နဗီးလ္က ယူႏိုက္တက္အေပၚ အာရံုစူးစိုက္မႈ မရွိတဲ့ ေပါ့ဘာကို ေရာင္းလိုက္တာက ပိုေကာင္းဦးမယ္ဆိုၿပီး ေျပာလိုက္တာ ျဖစ္ပါတယ္။

ex-Reds defender Gary Neville

“ေပါ့ဘာက အရည္အခ်င္းရွိတဲ့ ကစားသမားတစ္ေယာက္ပါ။ ဒါေပမယ့္ သူ႕ကို အသင္းနဲ႔ စည္းစည္းလံုးလံုးရွိၿပီး ဦးစီးဦးေဆာင္ လုပ္ေဆာင္ေစခ်င္တယ္” လို႔ နဗီးလ္က ေျပာပါတယ္။

“ပရိသတ္တစ္ေယာက္အေနနဲ႔ အရိုးသားဆံုး ေျပာရရင္ ကၽြန္ေတာ္အပါအ၀င္ ကလပ္ထက္ ျမင့္ျမတ္တဲ့ ကစားသမားဆိုတာ မရွိပါဘူး။ ဒီလို ဟိုအသင္းသြားမလို ဒီအသင္းသြားမလို ျဖစ္တဲ့လူေတြကို ကၽြန္ေတာ္ စိတ္မ၀င္စားဘူး”

“ဒါ့ေၾကာင့္ ေပါ့ဘာအေနနဲ႔ တျခားအသင္းကို ေျပာင္းေရႊ႕ခ်င္တယ္ဆိုရင္ ေရာင္းလိုက္ပါ။ ဒါမွ မန္ခ်က္စတာယူႏိုက္တက္က ပိုေကာင္းသြားမွာ။ သူ႕ကိုေရာင္းလိုက္လို႕လည္း အသင္းအတြက္ စိတ္ပူမေနနဲ႔။ သူမရွိလည္း အသင္းက ျဖစ္တယ္” လို႔ နဗီးလ္က ေျပာလိုက္ပါတယ္။

Unicode version

“မန်ယူအသင်း ဒီထက်ပိုကောင်းချင်ရင် ကစားသမားတစ်ယောက် ရောင်းဖို့လိုပြီ” လို့ ဂယ်ရီနဗီးလ် အကြံပြု

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အသင်းကို ဒီထက်ပိုကောင်းမွန်ချင်တယ်ဆိုရင် အသင်းအပေါ် အာရုံစိုက်စိတ်ဝင်စားမှု နည်းနေတဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာကို ရောင်းလိုက်ပါလို့ ကစားသမားဟောင်း ဂယ်ရီနဗီးလ်က အကြံပြုပြောကြားလိုက်ပါတယ်။

ေမာ္ရင္ဟို၊ ေပါ့ဘာ

ပေါ့ဘာဟာ ၂၀၁၆ခုနှစ် ဇွန်လပိုင်းတုန်းက အိုးထရက်ဖို့ဒ်သို့ တကျော့ပြန်လည် ရောက်ရှိလာပြီး လက်ရှိအချိန်မှာ နည်းပြ မော်ရင်ဟိုနဲ့ အဆင်မပြေ ဖြစ်နေပြီး ဘာစီလိုနာ၊ ဂျူဗင်တပ်အသင်းတို့ ဆက်သွယ်မှုတွေ ရှိနေပါတယ်။ ဒါ့ကြောင့် နဗီးလ်က ယူနိုက်တက်အပေါ် အာရုံစူးစိုက်မှု မရှိတဲ့ ပေါ့ဘာကို ရောင်းလိုက်တာက ပိုကောင်းဦးမယ်ဆိုပြီး ပြောလိုက်တာ ဖြစ်ပါတယ်။

“ပေါ့ဘာက အရည်အချင်းရှိတဲ့ ကစားသမားတစ်ယောက်ပါ။ ဒါပေမယ့် သူ့ကို အသင်းနဲ့ စည်းစည်းလုံးလုံးရှိပြီး ဦးစီးဦးဆောင် လုပ်ဆောင်စေချင်တယ်” လို့ နဗီးလ်က ပြောပါတယ်။

“ပရိသတ်တစ်ယောက်အနေနဲ့ အရိုးသားဆုံး ပြောရရင် ကျွန်တော်အပါအဝင် ကလပ်ထက် မြင့်မြတ်တဲ့ ကစားသမားဆိုတာ မရှိပါဘူး။ ဒီလို ဟိုအသင်းသွားမလို ဒီအသင်းသွားမလို ဖြစ်တဲ့လူတွေကို ကျွန်တော် စိတ်မဝင်စားဘူး”

“ဒါ့ကြောင့် ပေါ့ဘာအနေနဲ့ တခြားအသင်းကို ပြောင်းရွှေ့ချင်တယ်ဆိုရင် ရောင်းလိုက်ပါ။ ဒါမှ မန်ချက်စတာယူနိုက်တက်က ပိုကောင်းသွားမှာ။ သူ့ကိုရောင်းလိုက်လို့လည်း အသင်းအတွက် စိတ်ပူမနေနဲ့။ သူမရှိလည်း အသင်းက ဖြစ်တယ်” လို့ နဗီးလ်က ပြောလိုက်ပါတယ်။

Check Also

မန္ယူကို အထင္မေသးသင့္ဘူးလို႔ ဘာစီလိုနာကို သတိေပးလိုက္တဲ့ ေမာ္ရင္ဟို

လာလီဂါ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ဘာစီလိုနာအသင္းအေနနဲ႔ ဒီရာသီမွာ ဘယ္ေလာက္ပဲ ရလဒ္ေကာင္း ထြက္ေပၚေနပါေစ ၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္အသင္းကိုေတာ့ ေလးစားမႈရွိရမယ္လို႔ သတိေပးေျပာၾကားလိုက္ပါတယ္။ မန္ယူအသင္းနဲ႔ ဘာစီလိုနာအသင္းတို႔ဟာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ …