“ဘာစီလိုနာနဲ့ ICC ပွဲကို ချစ်ကြည်ရေးပွဲလို သဘောမထားဘူး”လို့ ပြောလိုက်တဲ့ ဘေးလ်

ဂါးရက်ဘေးလ်က ရီးရဲလ်မက်ဒရစ်အသင်းသားတွေဟာ ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ရမယ့် ICC ပွဲကို ချစ်ကြည်ရေးပွဲလို့ သဘောမထားဘဲ အနိုင်ကစားသွားမည်ဖြစ်ကြောင်း ပြောလိုက်ပါတယ်။

အဆိုပါ စပိန်ထိပ်သီး ကလပ်နှစ်ခုဟာ သြဂုတ်လထဲမှာ ကျင်းပမယ့် စပိန်စူပါဖလားမတိုင်ခင် ယခု ဇူလှိုင်လ ၂၉ ရက်နေ့တွင် မိုင်ယာမီမြို့မှာ ICC ပွဲ ယှဉ်ပြိုင်ဖို့ ရှိနေခဲ့ပါတယ်။

ထိုပွဲကို ချစ်ကြည်ရေးပွဲစစ်စစ် ကစားသွားမည်လား? လို့ ဂါးရက်ဘေးလ်ကို မေးမြန်းကြည့်တော့ သူက အခုလို ပြန်ဖြေပါတယ်။

“မဟုတ်ပါဘူး။ ကျွန်တော်က အဲလိုမထင်ဘူ။ ဘာစီလိုနာနဲ့ ဆန့်ကျင်ယှဉ်ပြိုင်တဲ့ပွဲတိုင်း အနိုင်ရမှ ဖြစ်မယ်။ ပရိသတ်တွေအတွက်၊ နောက်ပြီး ကျွန်တော့်အတွက် အနိုင်ရချင်တယ်” လို့ ပြောပါတယ်။

“ဒီပွဲက ချစ်ကြည်ရေးပွဲ ဖြစ်ခဲ့ရင်တောင် ကျွန်တော်တို့အားလုံး အနိုင်ရအောင် ကြိုးစားသွားမှာ။ ဒါပေမယ့် အရေးကြီးဆုံးအရာက ရာသီသစ်အတွက် ကြံ့ခိုင်မှု ပြည့်ဝနေဖို့နဲ့ တက်နိုင်သလောက် ပြင်ဆင်နိုင်ဖို့ပဲ” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …