fernandinho-takes-blame-man-citys-lyon-loss

ချန်ပီယံလိဂ်သမိုင်းမှာ ၄ ပွဲဆက်ရှုံးတဲ့ ပထမဆုံးသော အင်္ဂလန်အသင်း မန်စီးတီး

Zawgyi Version






Unicode version

ချန်ပီယံလိဂ်သမိုင်းမှာ ၄ ပွဲဆက်ရှုံးတဲ့ ပထမဆုံးသော အင်္ဂလန်အသင်းအဖြစ် မှတ်တမ်းဆိုးပိုင်ဆိုင်သွားတဲ့ မန်စီးတီး

ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းဟာ လိုင်ယွန်အသင်းကို အိမ်ကွင်းမှာ ၂-၁ နဲ့ မထင်မှတ်ဘဲ ရှုံးနိမ့်ပြီးနောက် ချန်ပီယံလိဂ်သမိုင်းမှာ ၄ ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ ပထမဆုံးသော အင်္ဂလန်အသင်းအဖြစ် မှတ်တမ်းဆုံးတစ်ခု ပိုင်ဆိုင်သွားခဲ့ပါတယ်။

ဒါဟာ နည်းပြ ဂွာဒီယိုလာအတွက်တော့ တကယ့်ကို အံ့သြစရာပါ။ ကွင်းလယ်ကစားသမား ဖာနန်ဒင်ဟိုကတော့ အခုလို ရှုံးရတာဟာ ကစားသမားတွေရဲ့ အမှားများမှုကြောင့်လို့ ပြောလိုက်ပြီး သူကိုယ်တိုင် အမှားတွေ ကျူးလွန်မိခဲ့ကြောင်း အခုလို ဝန်ခံသွားခဲ့ပါတယ်။

“ကျွန်တော့်အမြင်မှာတော့ ဒီအုပ်စုဟာ ခက်ခဲကြမ်းတမ်းတဲ့အုပ်စုပါ။ လွယ်လွယ်ကူကူ ကျော်ဖြတ်သွားနိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဘူး။ အခု လိုင်ယွန်က သက်သေပြခဲ့ပြီ” လို့ ဖာနန်ဒင်ဟိုက ပြောပါတယ်။

“ပထမပိုင်းမှာ ကျွန်တော်ကိုယ်တိုင် အမှားတွေအများကြီး လုပ်ခဲ့တယ်။ ဒုတိယပိုင်းမှာ ဒီအမှားတွေကို ပြန်ဆယ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် အချိန်တွေနောက်ကျသွားခဲ့ပြီ”

“အခုဆိုရင် ကျွန်တော်တို့အသင်း ဟော်ဖန်ဟိမ်းကို အနိုင်ရအောင် ကြိုးစားရတော့မယ်။ နောက် ၄ ပွဲလုံး အကောင်းဆုံးဖြစ်အောင် လုပ်ရတော့မယ်” လို့ ဖာနန်ဒင်ဟိုက ပြောလိုက်ပါတယ်။

Check Also

Ilkay-Gundogan-claims-Manchester-City-nervous-big-European-games

ချန်ပီယံလိဂ်ဆိုရင် မန်စီးတီးက စိုးရိမ်စိတ်တွေ များလွန်းတယ်လို့ ဂန်ဒိုဂန် ပြော

မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာဆိုရင် ကြောက်ရွံ့တုန်လှုပ်မှုတွေ များပြီး အမှားတွေ ကျူးလွန်မိတယ်လို့ ကွင်းလယ်ကစားသမား ဂန်ဒိုဂန်က ပြောလိုက်ပါတယ်။ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့် ပထမအကျော့မှာ မန်စီးတီးဟာ စပါးစ်အသင်းကို ၁-၀ နဲ့ …