ဖာဘင်ဟိုနဲ့ လီမာတို့ကို မရောင်းတော့ဘူးလို့ မိုနာကို ပြော

မိုနာကိုအသင်းဟာ အပြောင်းအရွှေ့ကာလအတွင်း ဖာဘင်ဟိုနဲ့ သောမက်စ်လီမာတို့ကို ရောင်းချသွားမှာ မဟုတ်တော့ဘူးလို့ ဒုဥက္ကဋ္ဌ Vadim Vasilyev က ပြောသွားခဲ့ပါတယ်။

ကစားသမားနှစ်ယောက်လုံးဟာ မန်ယူနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပစ်မှတ်ကစားသမားတွေဖြစ်ပြီး အဆက်အသွယ်တွေ ရှိနေခဲ့ပါတယ်။

မိုနာကိုအသင်းဟာ ဒီနွေမှာ မန်ဒီနှင့် ဘနာဒိုဆေးလ်ဗား တို့ကို မန်စီးတီးအသင်းထံ ရောင်းချပြီး၊ ဘာကာယိုကိုကို ချဲလ်ဆီးအသင်းထံ ရောင်းချကာ စုစုပေါင်း ရောင်းရငွေ ယူရို သန်း ၁၄၀ လောက် ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက လီဂူးဝမ်းချန်ပီယံဖြစ်အောင် ကူညီပေးခဲ့ကြတဲ့ ကျန်အသင်းသားတွေကိုတော့ ရောင်းချသွားမည်မဟုတ်တဲ့ကြောင်း Vasilyev က အခုလို ပြောပါတယ်။

“ကျွန်တော်တို့ ထိန်းသိမ်းချင်တဲ့ အဓိက ကစားသမားတွေကို ထိန်းသိမ်းသွားမှာ” လို့ ဒုဥက္ကဋ္ဌ Vasilyev က ပြောပါတယ်။

“ဖာဘင်ဟိုက ကွင်းလယ်အတွက် မရှိမဖြစ် ကစားသမားတစ်ယောက်။ သူ့ကို ကလပ်တိုင်းက လိုချင်ကြတယ်။ သောမက်စ်လီမာကလည်း ကျွန်တော်တို့နဲ့အတူ ဆက်လက်ရှိနေမှာပါ။ ကျွန်တော်တို့ ဆွေးနွေးပြီးသွားပါပြီ”

“ကစားသမားနှစ်ယောက်စလုံးက အံ့သြဖွယ် အရည်အသွေးတွေ ပိုင်ဆိုင်ကြပြီး ကျွန်တော်တို့အတွက် အရမ်းအရေးပါတယ်” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …