အသင်းဟောင်းနဲ့ ပြန်လည်ပူးပေါင်းလိုက်တဲ့ ၀ိန်းရွန်းနီ

အဲဗာတန်အသင်းဟာ မန်ယူအသင်းခေါင်းဆောင် ၀ိန်းရွန်းနီကို (၂)နှစ် စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာလိုက်ပါတယ်။

အဲဗာတန်အသင်းအနေနဲ့ အသက် ၃၁ နှစ်ရှိတဲ့ ရွန်းနီကို ခေါ်ယူနိုင်လို့ အင်မတန် ပျော်ရွှင်မိကြောင်း နည်းပြ ရော်နယ်လ်ကိုးမန်းက အခုလို ပြောပါတယ်။

“ရွန်းနီရဲ့ အနိုင်ရလိုစိတ် ပြင်းပြတာတွေ၊ ဖလား ဆွတ်ခူးချင်စိတ်တွေကို ကျွန်တော်သိတယ်။ သူ အခုလို အိမ်ပြန်လာလို့ အင်မတန်ဝမ်းမြောက်မိပါတယ်” လို့ ကလပ်၏ တရားဝင်ဝက်ဆိုဒ်မှာ ပြောပါတယ်။

အဲဗာတန်လူငယ်အသင်းမှ ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်အဖြစ် ထွန်းတောက်လာတဲ့ ရွန်းနီဟာ ၂၀၀၄ခုနှစ် မန်ယူအသင်းသို့ မပြောင်းခင် အဲဗာတန်အသင်းကြီးအတွက် ၇၇ ပွဲကစားပေးပြီး (၁၇)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ရွန်းနီအနေနဲ့ ကြေးစားကစားသမားအဖြစ် မွေးဖွားပေးရာ အဲဗာတန်အသင်းထံ ပြန်လာရလို့ ပီတိဖြစ်မိကြောင်း အခုလို ပြောပါတယ်။

“အခုလို ပြန်လာရလို့ ကျွန်တော့်ရဲ့ စိတ်ခံစားချက်က အတိုင်းထက်အလွန်ပါပဲ။ ကျွန်တော် အရမ်း စိတ်လှုပ်ရှားခဲ့ရတယ်။ အသင်းသားတွေနဲ့ တွေ့ရဖို့၊ လေ့ကျင့်ကွင်းဆင်းရဖို့၊ ကွင်းထဲမှာ ကစားရဖို့ စတာတွေကို ကျွန်တော်မစောင့်နိုင်တော့ဘူး။ ဒီကလပ်ဟာ ဆုဖလားတွေ အနိုင်ရသင့်ပါတယ်။ ဒီအတွက် ကျွန်တော်တို့အားလုံး ကြိုးစားချီတက်ကြမှာပါ” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …