ရာသီအစကတည်းက လျှမ်းလျှမ်းတောက်ဖြစ်နေရမယ်လို့ ပြောလိုက်တဲ့ အမ်မရီကန်

လာမယ့်ရာသီအတွက် ၁၀၀ ရာခိုင်နှုန်းအပြည့် အဆင်သင့်ဖြစ်နေတဲ့ လီဗာပူးလ်ကွင်းလယ်ကစားသမား အမ်မရီကန်က ယနေ့ညနေ (၆)နာရီအချိန် ယှဉ်ပြိုင်ရမယ့် ၀က်ဖို့ဒ်အသင်းကို အနိုင်ယူပြီး ရာသီအစကတည်းက လျှမ်းလျှမ်းတောက်ဖြစ်အောင် ကြိုးစားသွားမယ်လို့ ပြောလိုက်ပါတယ်။

“ရှင်းရှင်းပြောရရင် မနှစ်က ကျွန်တော်တို့ အစမကောင်းခဲ့ဘူး” လို့ အမ်မရီကန်က ပြောပါတယ်။

“အခု ကျွန်တော်တို့အားလုံး ရာသီသစ်ကို ယုံကြည်မှုရှိရှိနဲ့ လျှောက်လှမ်းသွားနိုင်အောင် အာရုံစိုက်နေတယ်။ ၀က်ဖို့ဒ်က ယှဉ်ပြိုင်ရ ခက်ခဲ့တဲ့ အသင်းဆိုပေမယ့် ဒီပွဲကို ကျွန်တော်တို့ အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ထားတယ်။ ပထမဆုံးပွဲအနိုင်ရဖို့က အရမ်းအရေးကြီးတယ်။ ရာသီအစကတည်းက လျှမ်းလျှမ်းတောက် ဖြစ်နေဖို့ လိုအပ်တယ်” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …