skysports-unai-emery-mesut-ozil-newsday-myanmar

“အာဆင်နယ် ပုံစံပြောင်းဖို့ အမ်မရီကို ၂ နှစ်လောက် အချိန်ပေးလိုက်ပါ” – အီရန်ရိုက်

အာဆင်နယ် ပရိသတ်တွေအနေနဲ့ အသင်းကို အားအကောင်းဆုံးအသင်းအဖြစ် မြင်ချင် တွေ့ချင်တယ်ဆိုရင် နည်းပြသစ် အူနိုင်းအမ်မရီကို အချိန် ၂ နှစ်လောက် ပေးလိုက်ပါလို့ တိုက်စစ်မှူးဟောင်း အီရန်ရိုက်က ပြောလိုက်ပါတယ်။

အမ်မရီ

အမ်မရီဟာ PSG အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် အာဆင်ဝင်းဂါး ၂၂ နှစ် ကြာအောင် နေလာခဲ့တဲ့ အာဆင်နယ်အသင်းမှာ နည်းပြအဖြစ် အမည်ဆက်ခံခဲ့ပါတယ်။ ပထမဆုံးပရီးမီးယားလိဂ်ပွဲမှာ မန်စီးတီးအသင်းကို ၀-၂ နဲ့ အရေးနိမ့်ပြီးနောက် နည်းပြဟာ ချက်ချင်းပဲ ဝေဖန်မှုတွေ ခံနေခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် အီရန်ရိုက်တော့ အာဆင်နယ်အသင်းကို သိသိသာသာပြောင်းလဲသွားတာမျိုး မြင်ချင်တယ်ဆိုရင်တော့ အမ်မရီကို ရှိသမျှ ဥာဏ်စွမ်းဥာဏ်စတွေ ထုတ်သုံးခွင့်ပေးသင့်ကြောင်း အခုလို ပြောလိုက်ပါတယ်။

unai emery newsday myanmar

“အပြောင်းအရွှေ့ဈေးကွက်နဲ့ ပြောမယ်ဆိုရင် အူနိုင်းအမ်မရီအနေနဲ့ အနည်းဆုံး အပြောင်းအရွှေ့ကာလ ၃၊ ၄ ခုလောက် လိုအပ်လိမ့်မယ်။ ဒါကြောင့် သူ့ကို ဘောလုံးရာသီ ၂ ရာသီလောက် အချိန်ပေးလိုက်ပါ” လို့ အီရန်ရိုက်က ပြောပါတယ်။

“ကျွန်တော်တို့မှာ နှစ်ပေါင်း ၂၀ လောက် ဆန်းကြယ်ခမ်းနားတဲ့ နည်းပြတစ်ယောက် ရှိခဲ့ဖူးပြီ(အာဆင်ဝင်းဂါးကို ဆိုလိုခြင်း ဖြစ်သည်)။ အခု အမ်မရီက အာဆင်နယ်အသင်းကို နောက်တစ်ဆင့် ခေါ်ဆောင်သွားနိုင်မယ့် နည်းပြတစ်ယောက်ပါ။ ဒါ့ကြောင့် သူ့ကို ကျွန်တော်တို့ ဘာလို့ အချိန်မပေးနိုင်ရမှာလဲ”

အီရန်ရိုက်

“သူ့ကို ကြိုးစားဖို့ အချိန်ပေးရမယ်။ သူ့နည်း သူ့ဟန်အတိုင်း အကောင်အထည်ဖော်ခွင့် ပေးရမယ်။ သူ့အနေနဲ့ ရှိပြီးသား ကစားသမားတွေကိုပဲ သုံးသုံး၊ ဒါမှမဟုတ် နောက် အပြောင်းအရွှေ့ကာလ ၄ ခုလောက်မှာ ကစားသမားတွေ ထပ်ခေါ်ခေါ် သူ့ကို ကျွန်တော်တို့တွေ မွမ်းမံပြင်ဆင်ခွင့်တွေ ပေးသင့်တယ်” လို့ အီရန်ရိုက်က ပြောလိုက်ပါတယ်။

Unicode version

“အာဆင်နယ် ပုံစံပြောင်းဖို့ အမ်မရီကို ၂ နှစ်လောက် အချိန်ပေးလိုက်ပါ” လို့ အာဆင်နယ်တိုက်စစ်မှူဟောင်း ပြော

အာဆင်နယ် ပရိသတ်တွေအနေနဲ့ အသင်းကို အားအကောင်းဆုံးအသင်းအဖြစ် မြင်ချင် တွေ့ချင်တယ်ဆိုရင် နည်းပြသစ် အူနိုင်းအမ်မရီကို အချိန် ၂ နှစ်လောက် ပေးလိုက်ပါလို့ တိုက်စစ်မှူးဟောင်း အီရန်ရိုက်က ပြောလိုက်ပါတယ်။

အမ်မရီဟာ PSG အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် အာဆင်ဝင်းဂါး ၂၂ နှစ် ကြာအောင် နေလာခဲ့တဲ့ အာဆင်နယ်အသင်းမှာ နည်းပြအဖြစ် အမည်ဆက်ခံခဲ့ပါတယ်။ ပထမဆုံးပရီးမီးယားလိဂ်ပွဲမှာ မန်စီးတီးအသင်းကို ၀-၂ နဲ့ အရေးနိမ့်ပြီးနောက် နည်းပြဟာ ချက်ချင်းပဲ ဝေဖန်မှုတွေ ခံနေခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် အီရန်ရိုက်တော့ အာဆင်နယ်အသင်းကို သိသိသာသာပြောင်းလဲသွားတာမျိုး မြင်ချင်တယ်ဆိုရင်တော့ အမ်မရီကို ရှိသမျှ ဥာဏ်စွမ်းဥာဏ်စတွေ ထုတ်သုံးခွင့်ပေးသင့်ကြောင်း အခုလို ပြောလိုက်ပါတယ်။

“အပြောင်းအရွှေ့ဈေးကွက်နဲ့ ပြောမယ်ဆိုရင် အူနိုင်းအမ်မရီအနေနဲ့ အနည်းဆုံး အပြောင်းအရွှေ့ကာလ ၃၊ ၄ ခုလောက် လိုအပ်လိမ့်မယ်။ ဒါကြောင့် သူ့ကို ဘောလုံးရာသီ ၂ ရာသီလောက် အချိန်ပေးလိုက်ပါ” လို့ အီရန်ရိုက်က ပြောပါတယ်။

“ကျွန်တော်တို့မှာ နှစ်ပေါင်း ၂၀ လောက် ဆန်းကြယ်ခမ်းနားတဲ့ နည်းပြတစ်ယောက် ရှိခဲ့ဖူးပြီ(အာဆင်ဝင်းဂါးကို ဆိုလိုခြင်း ဖြစ်သည်)။ အခု အမ်မရီက အာဆင်နယ်အသင်းကို နောက်တစ်ဆင့် ခေါ်ဆောင်သွားနိုင်မယ့် နည်းပြတစ်ယောက်ပါ။ ဒါ့ကြောင့် သူ့ကို ကျွန်တော်တို့ ဘာလို့ အချိန်မပေးနိုင်ရမှာလဲ”

“သူ့ကို ကြိုးစားဖို့ အချိန်ပေးရမယ်။ သူ့နည်း သူ့ဟန်အတိုင်း အကောင်အထည်ဖော်ခွင့် ပေးရမယ်။ သူ့အနေနဲ့ ရှိပြီးသား ကစားသမားတွေကိုပဲ သုံးသုံး၊ ဒါမှမဟုတ် နောက် အပြောင်းအရွှေ့ကာလ ၄ ခုလောက်မှာ ကစားသမားတွေ ထပ်ခေါ်ခေါ် သူ့ကို ကျွန်တော်တို့တွေ မွမ်းမံပြင်ဆင်ခွင့်တွေ ပေးသင့်တယ်” လို့ အီရန်ရိုက်က ပြောလိုက်ပါတယ်။

Check Also

skysports-jose-mourinho-man-united_4478147

မော်ရင်ဟိုကို လာလီဂါက ပြန်လည်ကြိုဆိုနေမယ်လို့ လာလီဂါဥက္ကဋ္ဌ ပြော

Zawgyi Version ယခင်က ရီးရဲလ်မက်ဒရစ်အသင်းမှာ နည်းပြလုပ်ခဲ့ဖူးတဲ့ မော်ရင်ဟိုအနေနဲ့ လာလီဂါသို့ တစ်ကျော့ပြန်လာခဲ့မယ်ဆိုရင် သိပ်ကောင်းတဲ့ပြပွဲတစ်ခု ဖြစ်လာမှာပဲလို့ လာလီဂါဥက္ကဋ္ဌ Javier Tebasက ပြောလိုက်ပါတယ်။ မော်ရင်ဟိုဟာ …