emery-champions-league-qualification-more-difficult-arsenal-newsday-myanmar

အာဆင္နယ္အသင္း ထိပ္ဆံုးေလးသင္းစာရင္းထဲ၀င္ဖို႔ ပိုခက္သြားၿပီလို႔ အမ္မရီ ေျပာ

Zawgyi Version

တနဂၤေႏြေန႔က စပါးစ္အသင္းကို မန္ယူက ၁-၀ နဲ႔ အႏိုင္ယူၿပီးေနာက္ မန္ယူအသင္းဟာ အာဆင္နယ္အသင္းနဲ႔ အမွတ္အတူတူ ျဖစ္လာခဲ့ပါတယ္။ ဒါ့ေၾကာင့္ အာဆင္နယ္အသင္းနည္းျပ အမ္မရီက ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔ ပိုခက္သြားၿပီလို႔ ေျပာလိုက္ျခင္းျဖစ္ပါတယ္။

ဂမ္းနားေတြဟာ ၀က္စ္ဟမ္းအသင္းကို ၁-၀ နဲ႔ရံႈးနိမ့္ခဲ့သလို ေနာက္ဆံုး ပရီးမီးယားလိဂ္ ၄ ပြဲမွာလည္း ရမွတ္ ၄ မွတ္သာ အရယူႏိုင္ခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းကလည္း နယူးကာဆယ္အသင္းကို အႏိုင္ရခဲ့တာေၾကာင့္ အာဆင္နယ္အသင္းကို ၆ မွတ္ျဖတ္ၿပီး အဆင့္ ၄ ေနရာ၀င္ေရာက္ကာ ေနာက္ႏွစ္ ခ်န္ပီယံလိဂ္၀င္ခြင့္ရမယ့္အေနအထားမွာ ရွိေနပါတယ္။
“အခုေတာ့ ကၽြန္ေတာ္တို႔အတြက္ ပိုခက္သြားၿပီ။ ဒါက ရွင္းေနၿပီ” လို႔ အမ္မရီက သတင္းေထာက္ေတြကို ေျပာပါတယ္။

“ကၽြန္ေတာ္တို႔အတြက္ အေရးတႀကီးလုပ္သင့္တာကေတာ့ ကၽြန္ေတာ္တို႔ရဲ႕ ယံုၾကည္မႈကို ျပန္လည္တည္ေဆာက္ယူဖို႔ပဲ။ ပိုၿပီး ယွဥ္ၿပိဳင္ႏိုင္ေအာင္ ႀကိဳးစားရမယ္။ ၃၈ ပြဲလံုး ၿပီးသည္အထိ မေလွ်ာ့ေသာဇြဲနဲ႔ လုပ္ရမယ္”
“ဒီအခ်ိန္မွာေတာ့ မလံုေလာက္ေသးဘူး။ ရလဒ္ေတြကို အရမ္းကိုဆိုး၀ါးေနခဲ့တယ္။ စေနေန႔မွာ ခ်ဲလ္ဆီးအသင္းကို အႏိုင္ရခဲ့ရင္ ၃ မွတ္ အမီျပန္လိုက္ႏိုင္မွာ။ ဒါဟာ သူတို႔နဲ႔ အနီးကပ္ဆံုးျဖစ္ေအာင္ ကၽြန္ေတာ္တို႔ လွမ္းယူႏိုင္မယ့္ အႀကီးမားဆံုး အခြင့္အေရးပဲ။ ဒီရလဒ္က ပိုၿပီးေတာင္ ခက္သြားေစတယ္” လို႔ အမ္မရီက ေျပာလိုက္ပါတယ္။

အာဆင္နယ္အသင္းဟာ လာမယ့္စေနေန႔မွာ ခ်ဲလ္ဆီးအသင္းနဲ႔ အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ဖို႔ ရွိေနပါတယ္။

Unicode version

ထိပ်ဆုံးလေးသင်းစာရင်းထဲဝင်ဖို့ အာဆင်နယ်အသင်းအတွက် ပိုခက်သွားပြီလို့ ပြောလိုက်တဲ့ အမ်မရီ

တနင်္ဂနွေနေ့က စပါးစ်အသင်းကို မန်ယူက ၁-၀ နဲ့ အနိုင်ယူပြီးနောက် မန်ယူအသင်းဟာ အာဆင်နယ်အသင်းနဲ့ အမှတ်အတူတူ ဖြစ်လာခဲ့ပါတယ်။ ဒါ့ကြောင့် အာဆင်နယ်အသင်းနည်းပြ အမ်မရီက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ပိုခက်သွားပြီလို့ ပြောလိုက်ခြင်းဖြစ်ပါတယ်။
ဂမ်းနားတွေဟာ ဝက်စ်ဟမ်းအသင်းကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့သလို နောက်ဆုံး ပရီးမီးယားလိဂ် ၄ ပွဲမှာလည်း ရမှတ် ၄ မှတ်သာ အရယူနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းကလည်း နယူးကာဆယ်အသင်းကို အနိုင်ရခဲ့တာကြောင့် အာဆင်နယ်အသင်းကို ၆ မှတ်ဖြတ်ပြီး အဆင့် ၄ နေရာဝင်ရောက်ကာ နောက်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်ရမယ့်အနေအထားမှာ ရှိနေပါတယ်။

“အခုတော့ ကျွန်တော်တို့အတွက် ပိုခက်သွားပြီ။ ဒါက ရှင်းနေပြီ” လို့ အမ်မရီက သတင်းထောက်တွေကို ပြောပါတယ်။
“ကျွန်တော်တို့အတွက် အရေးတကြီးလုပ်သင့်တာကတော့ ကျွန်တော်တို့ရဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ယူဖို့ပဲ။ ပိုပြီး ယှဉ်ပြိုင်နိုင်အောင် ကြိုးစားရမယ်။ ၃၈ ပွဲလုံး ပြီးသည်အထိ မလျှော့သောဇွဲနဲ့ လုပ်ရမယ်”
“ဒီအချိန်မှာတော့ မလုံလောက်သေးဘူး။ ရလဒ်တွေကို အရမ်းကိုဆိုးဝါးနေခဲ့တယ်။ စနေနေ့မှာ ချဲလ်ဆီးအသင်းကို အနိုင်ရခဲ့ရင် ၃ မှတ် အမီပြန်လိုက်နိုင်မှာ။ ဒါဟာ သူတို့နဲ့ အနီးကပ်ဆုံးဖြစ်အောင် ကျွန်တော်တို့ လှမ်းယူနိုင်မယ့် အကြီးမားဆုံး အခွင့်အရေးပဲ။ ဒီရလဒ်က ပိုပြီးတောင် ခက်သွားစေတယ်” လို့ အမ်မရီက ပြောလိုက်ပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့်စနေနေ့မှာ ချဲလ်ဆီးအသင်းနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။

Check Also

ခ်ဲလ္ဆီးဂႏၱ၀င္ လက္ရွိအာဆင္နယ္ဂိုးသမားႀကီး ပီတာခ်က္ ဒီႏွစ္ကုန္ရင္ အနားယူေတာ့မည္

Zawgyi Version ပီတာခ်က္ဟာ ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္ၾကတဲ့ ခ်ဲလ္ဆီးအသင္းနဲ႔ အာဆင္နယ္အသင္းတို႔မွာ ၁၅ ႏွစ္ၾကာ ကစားခဲ့ၿပီးေနာက္ ယခုႏွစ္ေဘာလံုးရာသီကုန္ဆံုးရင္ ကစားသမားဘ၀မွ အနားယူေတာမယ့္လို႔ သိရပါတယ္။ အသက္ ၃၆ …