Eden Hazard reveals who he believes is the greatest player of all-time messi

အခ်ိန္တိုင္းအေကာင္းဆံုးက မက္ဆီတစ္ေယာက္ပဲ ရွိတယ္လို႔ ေျပာလိုက္တဲ့ ဟာဇက္

Zawgyi Version

ခ်ဲလ္ဆီးၾကယ္ပြင့္ အီဒင္ဟာဇက္က ကမာၻေပၚမွာ အခ်ိန္တိုင္းအေကာင္းဆံုးကစားသမားက ဘယ္သူလဲဆိုရင္ မက္ဆီပဲလို႔ ျပတ္ျပတ္သားသား ေျပာလိုက္ပါတယ္။ ဒီေမးခြန္းနဲ႔ ပတ္သက္ၿပီး ကမာၻအႏွံ႕အျပားမွာ အျမဲတမ္းျငင္းခံုမႈေတြ ျဖစ္ခဲ့ရပါတယ္။ မက္ဆီနဲ႔ စီေရာ္နယ္ဒို ၿပိဳင္ဆိုင္မႈဟာ ဆယ္စုႏွစ္တစ္ခုေက်ာ္အထိ ရွိလာခဲ့ၿပီး လက္ရွိအခ်ိန္အထိ မၿပီးဆံုးေသးဘဲ ေမးခြန္းထုတ္ေနၾကတာပဲ ျဖစ္ပါတယ္။
ဒါနဲ႔ ပတ္သက္ၿပီး ဟာဇက္က – “အခ်ိန္တိုင္းအေကာင္းဆံုးကစားသမား (GOAT) က ကမာၻေပၚမွာ ႏွစ္ေယာက္မရွိဘူး။ အဲဒါက မက္ဆီပဲ” လို႔ ဘယ္လ္ဂ်ီယံသတင္းစာ HLN ကို ေျပာပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့ ေဘာလံုးရာသီတုန္းက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ ရံႈး/ထြက္အဆင့္မွာ ဘာစီလိုနာအသင္းနဲ႔ ေတြ႕ဆံုခဲ့ၿပီး ၂ ေက်ာ့လံုး ရံႈးနိမ့္ခဲ့ရပါတယ္။ ဒီရလဒ္ဟာ စိတ္ပ်က္စရာေကာင္းေပမဲ့ မက္ဆီနဲ႔ ဘာစီလိုနာကို ရင္ဆိုင္ကစားလို႔ ေပ်ာ္ရႊင္မိေၾကာင္း အခုလို ရင္ဖြင့္ပါတယ္။

“ဘာစီလိုနာနဲ႔ ယွဥ္ၿပိဳင္ခဲ့ရတဲ့ ႏွစ္ပြဲစလံုးဟာ ကၽြန္ေတာ့္အတြက္ ၂၀၁၈ ခုႏွစ္ထဲမွာ ေမ႔မရႏိုင္တဲ့အရာေတြပဲ။ ဒါေပမဲ့ ဘာစီလိုနာနဲ႔ မက္ဆီကို ရင္ဆိုင္ကစားရဖို႔ ကၽြန္ေတာ္ ေပ်ာ္တယ္” လို႔ ဟာဇက္က ေျပာလိုက္ပါတယ္။

Unicode version

အချိန်တိုင်းအကောင်းဆုံးက မက်ဆီတစ်ယောက်ပဲ ရှိတယ်လို့ ပြောလိုက်တဲ့ ဟာဇက်

ချဲလ်ဆီးကြယ်ပွင့် အီဒင်ဟာဇက်က ကမ္ဘာပေါ်မှာ အချိန်တိုင်းအကောင်းဆုံးကစားသမားက ဘယ်သူလဲဆိုရင် မက်ဆီပဲလို့ ပြတ်ပြတ်သားသား ပြောလိုက်ပါတယ်။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ကမ္ဘာအနှံ့အပြားမှာ အမြဲတမ်းငြင်းခုံမှုတွေ ဖြစ်ခဲ့ရပါတယ်။ မက်ဆီနဲ့ စီရော်နယ်ဒို ပြိုင်ဆိုင်မှုဟာ ဆယ်စုနှစ်တစ်ခုကျော်အထိ ရှိလာခဲ့ပြီး လက်ရှိအချိန်အထိ မပြီးဆုံးသေးဘဲ မေးခွန်းထုတ်နေကြတာပဲ ဖြစ်ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး ဟာဇက်က – “အချိန်တိုင်းအကောင်းဆုံးကစားသမား (GOAT) က ကမ္ဘာပေါ်မှာ နှစ်ယောက်မရှိဘူး။ အဲဒါက မက်ဆီပဲ” လို့ ဘယ်လ်ဂျီယံသတင်းစာ HLN ကို ပြောပါတယ်။

ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ချန်ပီယံလိဂ်ပြိုင်ပွဲ ရှုံး/ထွက်အဆင့်မှာ ဘာစီလိုနာအသင်းနဲ့ တွေ့ဆုံခဲ့ပြီး ၂ ကျော့လုံး ရှုံးနိမ့်ခဲ့ရပါတယ်။ ဒီရလဒ်ဟာ စိတ်ပျက်စရာကောင်းပေမဲ့ မက်ဆီနဲ့ ဘာစီလိုနာကို ရင်ဆိုင်ကစားလို့ ပျော်ရွှင်မိကြောင်း အခုလို ရင်ဖွင့်ပါတယ်။
“ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ နှစ်ပွဲစလုံးဟာ ကျွန်တော့်အတွက် ၂၀၁၈ ခုနှစ်ထဲမှာ မေ့မရနိုင်တဲ့အရာတွေပဲ။ ဒါပေမဲ့ ဘာစီလိုနာနဲ့ မက်ဆီကို ရင်ဆိုင်ကစားရဖို့ ကျွန်တော် ပျော်တယ်” လို့ ဟာဇက်က ပြောလိုက်ပါတယ်။

Check Also

Eden Hazard of Chelsea during the Premier League match at Stamford Bridge, London

ခ်ဲလ္ဆီးအသင္းအတြက္ ယူရိုပါလိဂ္ဖလား ဆြတ္ခူးေပးခ်င္တယ္လို႔ ေျပာလိုက္တဲ့ ဟာဇတ္

ခ်ဲလ္ဆီး ၾကယ္ပြင့္ အီဒင္ဟာဇတ္ဟာ ကလပ္နဲ႔ စာခ်ဳပ္သစ္ မခ်ဳပ္ဆိုေတာ့တာေၾကာင့္ ဒီႏွစ္ေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ပူးေပါင္းဖို႔ စတမ္းဖို႔ဘရစ္ကေန ထြက္ခြာႏိုင္ဖြယ္ ရွိေနတယ္လို႔ သတင္းေတြ က်ယ္ျပန္႔စြာ ထြက္ေပၚလာခဲ့ပါတယ္။ …