Eden Hazard of Chelsea during the Premier League match at Stamford Bridge, London
Eden Hazard of Chelsea during the Premier League match at Stamford Bridge, London

ခ်ဲလ္ဆီးအသင္းအတြက္ ယူရိုပါလိဂ္ဖလား ဆြတ္ခူးေပးခ်င္တယ္လို႔ ေျပာလိုက္တဲ့ ဟာဇတ္

ခ်ဲလ္ဆီး ၾကယ္ပြင့္ အီဒင္ဟာဇတ္ဟာ ကလပ္နဲ႔ စာခ်ဳပ္သစ္ မခ်ဳပ္ဆိုေတာ့တာေၾကာင့္ ဒီႏွစ္ေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ပူးေပါင္းဖို႔ စတမ္းဖို႔ဘရစ္ကေန ထြက္ခြာႏိုင္ဖြယ္ ရွိေနတယ္လို႔ သတင္းေတြ က်ယ္ျပန္႔စြာ ထြက္ေပၚလာခဲ့ပါတယ္။
ဇီဒန္းကို တစ္ေက်ာ့ျပန္ နည္းျပခန္႔အပ္ခဲ့တဲ့ ရီးရဲလ္မက္ဒရစ္အသင္းဟာ အသက္ ၂၈ ႏွစ္ အရြယ္ရွိ ဘယ္လ္ဂ်ီယံႏိုင္ငံသားကို အၿပီးသတ္ေခၚယူႏိုင္ရမယ္လို႔ ယံုၾကည္ေနပါတယ္။ ဒါေပမဲ့ ဟာဇတ္ကေတာ့ ဒီႏွစ္ေဘာလံုးရာသီ မၿပီးမခ်င္း ဘာဆံုးျဖတ္ခ်က္မွ မခ်ခ်င္ေသးဘူး ဆိုၿပီးေတာ့ ဖြင့္ဟလာခဲ့ပါတယ္။

“ကၽြန္ေတာ္ အခု ခ်ဲလ္ဆီးအသင္းအေပၚမွာပဲ အာရံုစိုက္ေနတယ္” လို႔ ဟာဇတ္က ESPN မွာ ေျပာပါတယ္။
“ကစားရေတာ့မယ့္ တစ္လအတြင္းမွာ အမွတ္ေပးဇယားရဲ႕ ထိပ္ဆံုးေလးသင္းစာရင္းထဲ ၀င္ေအာင္ ႀကိဳးစားရမယ္။ ေနာက္ၿပီး ယူရိုပါလိဂ္ဖလား ဆြတ္ခူးႏိုင္ေအာင္ ႀကိဳးစားရမယ္”
“ပရိသတ္ေတြအတြက္ကေတာ့ ကၽြန္ေတာ္ကို ကြင္းထဲမွာ ရွိေစခ်င္ပါလိမ့္မယ္။ ကၽြန္ေတာ့္အေတြးေတြကလည္း ခ်ဲလ္ဆီးအသင္းနဲ႔ အတူ ရွိေနပါတယ္။ ဒါေၾကာင့္ အားလံုးၿပီးဆံုးသြားရင္ ဘာေတြျဖစ္လာမလဲဆိုတာ သိရမွာပါ” လို႔ ဟာဇတ္က ေျပာလိုက္ပါတယ္။

Unicode version

ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့ကိစ္စ မဆုံးဖြတ်ခင် ချဲလ်ဆီးအသင်းအတွက် ယူရိုပါလိဂ်ဖလား ဆွတ်ခူးပေးချင်တယ်လို့ ပြောလိုက်တဲ့ ဟာဇတ်

ချဲလ်ဆီး ကြယ်ပွင့် အီဒင်ဟာဇတ်ဟာ ကလပ်နဲ့ စာချုပ်သစ် မချုပ်ဆိုတော့တာကြောင့် ဒီနှစ်နွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပူးပေါင်းဖို့ စတမ်းဖို့ဘရစ်ကနေ ထွက်ခွာနိုင်ဖွယ် ရှိနေတယ်လို့ သတင်းတွေ ကျယ်ပြန့်စွာ ထွက်ပေါ်လာခဲ့ပါတယ်။

ဇီဒန်းကို တစ်ကျော့ပြန် နည်းပြခန့်အပ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ အသက် ၂၈ နှစ် အရွယ်ရှိ ဘယ်လ်ဂျီယံနိုင်ငံသားကို အပြီးသတ်ခေါ်ယူနိုင်ရမယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမဲ့ ဟာဇတ်ကတော့ ဒီနှစ်ဘောလုံးရာသီ မပြီးမချင်း ဘာဆုံးဖြတ်ချက်မှ မချချင်သေးဘူး ဆိုပြီးတော့ ဖွင့်ဟလာခဲ့ပါတယ်။
“ကျွန်တော် အခု ချဲလ်ဆီးအသင်းအပေါ်မှာပဲ အာရုံစိုက်နေတယ်” လို့ ဟာဇတ်က ESPN မှာ ပြောပါတယ်။
“ကစားရတော့မယ့် တစ်လအတွင်းမှာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးလေးသင်းစာရင်းထဲ ဝင်အောင် ကြိုးစားရမယ်။ နောက်ပြီး ယူရိုပါလိဂ်ဖလား ဆွတ်ခူးနိုင်အောင် ကြိုးစားရမယ်”
“ပရိသတ်တွေအတွက်ကတော့ ကျွန်တော်ကို ကွင်းထဲမှာ ရှိစေချင်ပါလိမ့်မယ်။ ကျွန်တော့်အတွေးတွေကလည်း ချဲလ်ဆီးအသင်းနဲ့ အတူ ရှိနေပါတယ်။ ဒါကြောင့် အားလုံးပြီးဆုံးသွားရင် ဘာတွေဖြစ်လာမလဲဆိုတာ သိရမှာပါ” လို့ ဟာဇတ်က ပြောလိုက်ပါတယ်။

Check Also

အသင္းသားေတြရဲ႕ ႏိုင္လိုစိတ္ မရွိမႈကို ၾကည့္ၿပီး ေဒါသထြက္ေနတဲ့ ဆာရီ

အာဆင္နယ္အသင္းကို ၂-၀ ရလဒ္ျဖင့္ ရံႈးနိမ့္တဲ့ပြဲမွာ ခ်ဲလ္ဆီးအသင္းသားေတြဟာ ႏိုင္လိုစိတ္ လံုး၀ မျပင္းထန္ခဲ့ၾကဘူးလို႔ နည္းျပႀကီး ဆာရီက ရံႈ႕ခ်ေျပာဆိုလိုက္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ပြဲခ်ိန္ ၁၄ မိနစ္မွာ …