Eden Hazard price tag revealed as Real Madrid decide on move

ေပါင္ သန္း ၁၀၀ ရရင္ ဟာဇက္ကို ေရာင္းမယ္လို႔ သတင္းေတြ ထြက္ေပၚ

Zawgyi Version

ခ်ဲလ္ဆီးအသင္းဟာ ရီးရဲလ္မက္ဒရစ္အသင္းထံ ဟာဇက္ကိုေရာင္းဖို႔ ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၁၀၀ သတ္မွတ္လိုက္တယ္လို႔ Daily Telegraph က ထုတ္ေဖာ္ေရးသားလိုက္ပါတယ္။

အဆိုပါ ဘယ္လ္ဂ်ီယံေတာင္ပံကစားသမားဟာ စတမ္းဖို႔ဘရစ္ခ်္မွာ ဆက္ေနဖို႔ စာခ်ဳပ္သက္တမ္း ၁၈ လပဲ က်န္ေတာ့ၿပီး ဘာေနဗ်ဴးသို႔ ေျပာင္းေရႊ႕ႏိုင္ဖြယ္ရွိေနတယ္လို႔ ဆိုပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ ဟာဇက္ကို ၿပီးခဲ့တဲ့ ေႏြရာသီကတည္းက ေခၚယူဖို႔ စိတ္၀င္စားေနခဲ့တာပါ။ ဒါေပမဲ့ ခ်ဲလ္ဆီးနည္းျပ ဆာရီကေတာ့ ဟာဇက္ကို အေနာက္လန္ဒန္မွာ ဆက္ေနေစခ်င္ေသးတယ္လို႔လည္း ဆိုပါတယ္။

ဟာဇက္ဟာ သူ႕အနာဂတ္နဲ႔ ပတ္သက္ၿပီး ဒီႏွစ္ေဘာလံုးရာသီကုန္ဆံုးသြားရင္ ျပတ္သားတဲ့ ဆံုးျဖတ္ခ်က္တစ္ခု ခ်သြားမယ္လို႔လည္း ဆိုထားပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းဟာ တိုက္စစ္မွဴး စီေရာ္နယ္ဒိုနဲ႔ နည္းျပဇီဒန္းတို႔ ထြက္ခြာၿပီးေနာက္ ခက္ခဲတဲ့ရာသီတစ္ခုနဲ႔ ရင္ဆိုင္ေနရၿပီး အသင္းအတြက္ ႏိုင္ပြဲ ဆံုးျဖတ္ေပးမယ့္ ကစားသမားလိုအပ္ေနတယ္လို႔ ဆိုပါတယ္။

ဒါ့ေၾကာင့္ ဟာဇက္ကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၈၇.၅ သန္းနဲ႔ ေခၚယူခ်င္ေနတယ္လို႔ Metro ကလည္း အခိုင္အမာ ေဖာ္ျပထားပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ယခုလထဲမွာ ေဒါ့မြန္အသင္းမွ ပူလစ္ဆစ္ကို ေခၚယူဖို႔ ေပါင္ ၅၈ သန္းျဖင့္ သေဘာတူညီမႈ ရရွိထားၿပီး ရာသီကုန္ခ်ိန္မွာ စတမ္းဖို႔ဒ္ဘရစ္ခ်္သို႔ ေရာက္လာႏိုင္ဖို႔လည္း ရွိေနပါတယ္။ ဒါ့ေၾကာင့္ ဟာဇက္အေနျဖင့္ စာခ်ဳပ္သက္တမ္းကုန္ဆံုးလို႔ အသင္းမွ ထြက္ခြာသြားခ်င္တယ္ဆိုရင္ ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၁၀၀ ရရင္ ေရာင္းႏိုင္မယ္ဆိုၿပီး ရီးရဲလ္မက္ဒရစ္အသင္းကို သတိေပးလိုက္တယ္လို႔ သိရပါတယ္။

Unicode version

ပေါင် သန်း ၁၀၀ ရရင် ဟာဇက်ကို ရောင်းမယ်လို့ သတင်းတွေ ထွက်ပေါ်

ချဲလ်ဆီးအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းထံ ဟာဇက်ကိုရောင်းဖို့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ သတ်မှတ်လိုက်တယ်လို့ Daily Telegraph က ထုတ်ဖော်ရေးသားလိုက်ပါတယ်။

အဆိုပါ ဘယ်လ်ဂျီယံတောင်ပံကစားသမားဟာ စတမ်းဖို့ဘရစ်ချ်မှာ ဆက်နေဖို့ စာချုပ်သက်တမ်း ၁၈ လပဲ ကျန်တော့ပြီး ဘာနေဗျူးသို့ ပြောင်းရွှေ့နိုင်ဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဟာဇက်ကို ပြီးခဲ့တဲ့ နွေရာသီကတည်းက ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာပါ။ ဒါပေမဲ့ ချဲလ်ဆီးနည်းပြ ဆာရီကတော့ ဟာဇက်ကို အနောက်လန်ဒန်မှာ ဆက်နေစေချင်သေးတယ်လို့လည်း ဆိုပါတယ်။

ဟာဇက်ဟာ သူ့အနာဂတ်နဲ့ ပတ်သက်ပြီး ဒီနှစ်ဘောလုံးရာသီကုန်ဆုံးသွားရင် ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခု ချသွားမယ်လို့လည်း ဆိုထားပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ တိုက်စစ်မှူး စီရော်နယ်ဒိုနဲ့ နည်းပြဇီဒန်းတို့ ထွက်ခွာပြီးနောက် ခက်ခဲတဲ့ရာသီတစ်ခုနဲ့ ရင်ဆိုင်နေရပြီး အသင်းအတွက် နိုင်ပွဲ ဆုံးဖြတ်ပေးမယ့် ကစားသမားလိုအပ်နေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ဟာဇက်ကို ပြောင်းရွှေ့ကြေး ပေါင် ၈၇.၅ သန်းနဲ့ ခေါ်ယူချင်နေတယ်လို့ Metro ကလည်း အခိုင်အမာ ဖော်ပြထားပါတယ်။

ချဲလ်ဆီးအသင်းဟာ ယခုလထဲမှာ ဒေါ့မွန်အသင်းမှ ပူလစ်ဆစ်ကို ခေါ်ယူဖို့ ပေါင် ၅၈ သန်းဖြင့် သဘောတူညီမှု ရရှိထားပြီး ရာသီကုန်ချိန်မှာ စတမ်းဖို့ဒ်ဘရစ်ချ်သို့ ရောက်လာနိုင်ဖို့လည်း ရှိနေပါတယ်။ ဒါ့ကြောင့် ဟာဇက်အနေဖြင့် စာချုပ်သက်တမ်းကုန်ဆုံးလို့ အသင်းမှ ထွက်ခွာသွားချင်တယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ ရရင် ရောင်းနိုင်မယ်ဆိုပြီး ရီးရဲလ်မက်ဒရစ်အသင်းကို သတိပေးလိုက်တယ်လို့ သိရပါတယ်။

Check Also

Eden Hazard of Chelsea during the Premier League match at Stamford Bridge, London

ခ်ဲလ္ဆီးအသင္းအတြက္ ယူရိုပါလိဂ္ဖလား ဆြတ္ခူးေပးခ်င္တယ္လို႔ ေျပာလိုက္တဲ့ ဟာဇတ္

ခ်ဲလ္ဆီး ၾကယ္ပြင့္ အီဒင္ဟာဇတ္ဟာ ကလပ္နဲ႔ စာခ်ဳပ္သစ္ မခ်ဳပ္ဆိုေတာ့တာေၾကာင့္ ဒီႏွစ္ေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ပူးေပါင္းဖို႔ စတမ္းဖို႔ဘရစ္ကေန ထြက္ခြာႏိုင္ဖြယ္ ရွိေနတယ္လို႔ သတင္းေတြ က်ယ္ျပန္႔စြာ ထြက္ေပၚလာခဲ့ပါတယ္။ …