ဂျူဗင်တပ်မှာ ဆေးစစ်ချက်ခံယူနေတဲ့ ဒေါ့ကလက်စ်ကော်စတာ

ဘိုင်ယန်မြူးနစ်တောင်ပံကစားသမား ဒေါ့ကလက်စ်ကော်စတာဟာ ဂျူဗင်တပ်အသင်းထံ အငှားဖြင့် ပြေင်းရွှေ့ကစားဖို့ ယနေ့ ဗုဒ္ဓဟူးနေ့မှာ ဆေးစစ်ချက်ခံယူနေတယ်လို့ သိရပါတယ်။

အင်္ဂါနေ့က တူရင်မြေသို့ ရောက်ရှိလာတဲ့ ကော်စတာဟာ ယနေ့မှာ ခန္ဓာကိုယ်ကြံ့ခိုင်မှုဆိုင်ရာ ဆေးစစ်ချက် ခံယူနေပြီး အပြစ်အနာဆာမရှိခဲ့ဘူးဆိုရင် သိပ်မကြာခင်မှာ ဂျူဗင်တပ်ကစားသမား ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

စီးရီးအေချန်ပီယံ ဂျူဗင်တပ်က အဆိုပါ အသက် ၂၆ နှစ်အရွယ်ရှိတဲ့ ကော်စတာကို အပြီးဝယ်ယူနိုင်တဲ့ သဘောတူညီချက်ဖြင့် အငှား (၂)နှစ် စာချုပ်ချုပ်ဆိုလိမ့်မယ်လို့ သိရပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …