dele-alli-lionel-messi-tottenham-barcelona-newsday-myanmar

ကိန္းမရွိခ်ိန္မွာ ဒယ္လီအေနနဲ႔ မက္ဆီလို ကစားရမယ္လို႔ ပိုခ်က္တီႏို ေျပာ

Zawgyi Version

စပါးစ္အသင္းရဲ႕ ကြင္းလယ္ကစားသမား ဒယ္လီအလီအေနနဲ႔ တိုက္စစ္မွဴး ဟယ္ရီကိန္း မရွိခ်ိန္မွာ ဘာစီလိုနာအသင္းက မက္ဆီ ကစားသလိုမ်ဳိးပဲ တိုက္စစ္ပိုင္းကို အားျဖည့္ကစားရမယ္လို႔ နည္းျပ ပိုခ်က္တီႏိုက ေျပာလိုက္ပါတယ္။

ကိန္းဟာ မန္ယူနဲ႔ ပြဲစဥ္မွာ ဒဏ္ရာရခဲ့တာေၾကာင့္ မတ္လထဲမွ ျပန္လာႏိုင္မွာျဖစ္ၿပီး ဆြန္ေဟာင္မင္ကလည္း ႏိုင္ငံပြဲမွာ သြားေရာက္ကစားေနခဲ့တာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ပိုခ်က္တီႏိုက အခုလို ေျပာလိုက္တာ ျဖစ္ပါတယ္။

“ကၽြန္ေတာ္က ဘာစီလိုနာပြဲေတြကို ၾကည့္ျဖစ္တယ္။ ဘာစီလိုနာမွာ တိုက္စစ္မွဴးက အျမဲတမ္း မက္ဆီပဲ” လို႔ ပိုခ်က္တီက ေျပာပါတယ္။

“ကၽြန္ေတာ့္အသင္းမွာ ဒယ္လီအလီလည္း တိုက္စစ္မွဴးအျဖစ္ ကစားႏိုင္တယ္။ ခ်ဲလ္ဆီးအသင္းဆိုရင္လည္း ကၽြန္ေတာ္တို႔နဲ႔ ကစားတုန္းက ဟာဇက္ကို တိုက္စစ္မွဴးအျဖစ္ သံုးခဲ့တာပဲ။ အဲဒီအခ်ိန္မွာ ဂီေရာ့ အရန္ခုံမွာ ရွိေနသလို၊ မိုရာတာကလည္း လူစာရင္းထဲမွာေတာ့ မပါပါဘူး”

စပါးစ္အသင္းဟာ ဖူဟမ္အသင္းနဲ႔ ယွဥ္ၿပိဳင္ဖို႔ရွိေနၿပီး ဒီပြဲမွာ လူငယ္ကစားသမားေတြ ထည့္သြင္းအသံုးျပဳႏိုင္ဖြယ္ ရွိေနတယ္လို႔လည္း သိရပါတယ္။

Unicode version

ကိန်းမရှိချိန်မှာ ဒယ်လီအနေနဲ့ မက်ဆီလို ကစားရမယ်လို့ ပိုချက်တီနို ပြော

စပါးစ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဒယ်လီအလီအနေနဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း မရှိချိန်မှာ ဘာစီလိုနာအသင်းက မက်ဆီ ကစားသလိုမျိုးပဲ တိုက်စစ်ပိုင်းကို အားဖြည့်ကစားရမယ်လို့ နည်းပြ ပိုချက်တီနိုက ပြောလိုက်ပါတယ်။

ကိန်းဟာ မန်ယူနဲ့ ပွဲစဉ်မှာ ဒဏ်ရာရခဲ့တာကြောင့် မတ်လထဲမှ ပြန်လာနိုင်မှာဖြစ်ပြီး ဆွန်ဟောင်မင်ကလည်း နိုင်ငံပွဲမှာ သွားရောက်ကစားနေခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပိုချက်တီနိုက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

“ကျွန်တော်က ဘာစီလိုနာပွဲတွေကို ကြည့်ဖြစ်တယ်။ ဘာစီလိုနာမှာ တိုက်စစ်မှူးက အမြဲတမ်း မက်ဆီပဲ” လို့ ပိုချက်တီက ပြောပါတယ်။

“ကျွန်တော့်အသင်းမှာ ဒယ်လီအလီလည်း တိုက်စစ်မှူးအဖြစ် ကစားနိုင်တယ်။ ချဲလ်ဆီးအသင်းဆိုရင်လည်း ကျွန်တော်တို့နဲ့ ကစားတုန်းက ဟာဇက်ကို တိုက်စစ်မှူးအဖြစ် သုံးခဲ့တာပဲ။ အဲဒီအချိန်မှာ ဂီရော့ အရန်ခုံမှာ ရှိနေသလို၊ မိုရာတာကလည်း လူစာရင်းထဲမှာတော့ မပါပါဘူး”

စပါးစ်အသင်းဟာ ဖူဟမ်အသင်းနဲ့ ယှဉ်ပြိုင်ဖို့ရှိနေပြီး ဒီပွဲမှာ လူငယ်ကစားသမားတွေ ထည့်သွင်းအသုံးပြုနိုင်ဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။

Check Also

lloris-spurs-ready-fight-titles-without-kane

ဟယ္ရီကိန္း မပါလည္း ဖလားေတြ ဆြတ္ခူးဖို႔ အဆင္သင့္ပဲဆိုတဲ့ လိုရစ္

Zawgyi Version စပါးစ္ ဂိုးသမား ဟူဂိုလိုရစ္က ၿပီးခဲ့တဲ့ မန္ယူနဲ႔ ပြဲမွာတိုက္စစ္မွဴး ဟယ္ရီကိန္း ဒဏ္ရာရခဲ့တာေၾကာင့္ ေနာက္ပြဲေတြမွာ မပါႏိုင္တာနဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြ စိုးရိမ္ေနၾကလို႔ …