De Bruyne with premier league trophy

“ေအာင္ျမင္တဲ့ အသင္းျဖစ္ဖို႔ ခ်န္ပီယံလိဂ္ဖလား ဆြတ္ခူးႏိုင္ရမယ္ဆိုတာ လက္မခံဘူး” လို႔ ေျပာလုိက္တဲ့ ဒီဘရိုင္း

မန္စီးတီး ၾကယ္ပြင့္ ဒီဘရိုင္းက ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲဟာ ဥေရာပဖလားၿပိဳင္ပြဲေတြနဲ႔ ၿပိဳင္ဆိုင္မႈျပင္းထန္ပံုခ်င္း မတူညီတာေၾကာင့္ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္တဲ့ သူတို႔အသင္းအတြက္ ေအာင္ျမင္တဲ့အသင္းတစ္သင္းအျဖစ္ သတ္မွတ္ျခင္းခံရဖို႔ ခ်န္ပီယံလိဂ္ဖလားဆိုတာ မလိုအပ္ဘူးလို႔ ေျပာလိုက္ပါတယ္။

De Bruyne with premier league trophy-newsday myanmar

“ေအာင္ျမင္တဲ့ အသင္းတစ္သင္းျဖစ္ဖို႔ ခ်န္ပီယံလိဂ္ဖလား ဆြတ္ခူးႏိုင္ရမယ္ဆိုတာကေတာ့ ကၽြန္ေတာ္ လက္မခံဘူး။ ဒီဖလားဟာ တကယ့္ကိုႀကီးက်ယ္ခမ္းနားတယ္ဆိုတာေတာ့ ဟုတ္ပါတယ္။ ဒါေပမယ့္ လိဂ္တစ္ခုမွာ ေအာင္ျမင္တဲ့အသင္းတစ္သင္းအျဖစ္ သတ္မွတ္ျခင္းခံရဖို႔ ခ်န္ပီယံလိဂ္ဖလား မလိုအပ္ပါဘူး” လို႔ ဒီဘရိုင္းက ေျပာပါတယ္။

“ကၽြန္ေတာ္တို႔အသင္းဟာ ၿပီးခဲ့တဲ့ တစ္ရာသီလံုး အရမ္းကို ႀကီးက်ယ္ခမ္းနားခဲ့တယ္။ လီဗာပူးလ္ကို ရံႈးတာတစ္ခုပဲ ေျပာစရာရွိတယ္။ ဒါနဲ႔ပဲ ကၽြန္ေတာ္တို႔ ထြက္ခဲ့ရတယ္။ ဒါဟာ ၿပိဳင္ပြဲတစ္ခုပါ – အေရးႀကီးတာက အခ်ိန္မွန္မွာ အေကာင္းဆံုးျဖစ္ေနဖို႔ပဲ လိုတယ္”

“လိဂ္ၿပိဳင္ပြဲမွာ တစ္ခ်က္ေလး ညံ့လိုက္တာနဲ႔ ခင္ဗ်ားတို႔ ေနာက္က်န္ေနခဲ့ၿပီဆိုတာ မွတ္ပါ။ ဖလားၿပိဳင္ပြဲတိုင္းဟာ လိဂ္ၿပိဳင္ပြဲေတြနဲ႔ မတူပါဘူး” လို႔ ဒီဘရိုင္းက ေျပာလိုက္ပါတယ္။

Unicode version

“ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်မှ အောင်မြင်တဲ့ အသင်းအဖြစ် သတ်မှတ်မယ်ဆိုတာ လက်မခံဘူး” လို့ ပြောလိုက်တဲ့ ဒီဘရိုင်း

မန်စီးတီး ကြယ်ပွင့် ဒီဘရိုင်းက ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲဟာ ဥရောပဖလားပြိုင်ပွဲတွေနဲ့ ပြိုင်ဆိုင်မှုပြင်းထန်ပုံချင်း မတူညီတာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်တဲ့ သူတို့အသင်းအတွက် အောင်မြင်တဲ့အသင်းတစ်သင်းအဖြစ် သတ်မှတ်ခြင်းခံရဖို့ ချန်ပီယံလိဂ်ဖလားဆိုတာ မလိုအပ်ဘူးလို့ ပြောလိုက်ပါတယ်။

“အောင်မြင်တဲ့ အသင်းတစ်သင်းဖြစ်ဖို့ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ရမယ်ဆိုတာကတော့ ကျွန်တော် လက်မခံဘူး။ ဒီဖလားဟာ တကယ့်ကိုကြီးကျယ်ခမ်းနားတယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် လိဂ်တစ်ခုမှာ အောင်မြင်တဲ့အသင်းတစ်သင်းအဖြစ် သတ်မှတ်ခြင်းခံရဖို့ ချန်ပီယံလိဂ်ဖလား မလိုအပ်ပါဘူး” လို့ ဒီဘရိုင်းက ပြောပါတယ်။

“ကျွန်တော်တို့အသင်းဟာ ပြီးခဲ့တဲ့ တစ်ရာသီလုံး အရမ်းကို ကြီးကျယ်ခမ်းနားခဲ့တယ်။ လီဗာပူးလ်ကို ရှုံးတာတစ်ခုပဲ ပြောစရာရှိတယ်။ ဒါနဲ့ပဲ ကျွန်တော်တို့ ထွက်ခဲ့ရတယ်။ ဒါဟာ ပြိုင်ပွဲတစ်ခုပါ – အရေးကြီးတာက အချိန်မှန်မှာ အကောင်းဆုံးဖြစ်နေဖို့ပဲ လိုတယ်”

“လိဂ်ပြိုင်ပွဲမှာ တစ်ချက်လေး ညံ့လိုက်တာနဲ့ ခင်ဗျားတို့ နောက်ကျန်နေခဲ့ပြီဆိုတာ မှတ်ပါ။ ဖလားပြိုင်ပွဲတိုင်းဟာ လိဂ်ပြိုင်ပွဲတွေနဲ့ မတူပါဘူး” လို့ ဒီဘရိုင်းက ပြောလိုက်ပါတယ်။

Check Also

“ကိုပါအေမရိကဖလား ဆြတ္ခူးႏိုင္ရင္ အနားယူလိုက္မယ္” လို႔ အာဂ်င္တီးနား နည္းျပေျပာ

အာဂ်င္တီးနားနည္းျပခ်ဳပ္ လီယြန္နယ္ စကာလိုနီကေတာ့ ဘရာဇီးႏိုင္ငံ အိမ္ရွင္အျဖစ္ လက္ခံက်င္းပတဲ့ ကိုပါအေမရိကဖလားၿပိဳင္ပြဲမွာ သူတို႔အသင္း ဖလားဆြတ္ခူးႏိုင္ခဲ့ရင္ နည္းျပဘ၀မွ အနားယူလိုက္မယ္လို႔ ေျပာလိုက္ပါတယ္။ ၂၀၁၅၊ ၂၀၁၆ ကိုပါအေမရိကဖလားၿပိဳင္ပြဲတုန္းက …