“လူကာကူကို မက်ဆီနဲ့တော့ မယှဉ်ပါနဲ့” လို့ ဒီဘရူနီပြော

မန်စီးတီး ကွင်းလယ်ကစားသမား ဒီဘရူနီက လူကာကူဟာ မက်ဆီမဟုတ်ဘူးလို့ ပြောလိုက်ပြီး အဆိုပါ ဘယ်လ်ဂျီယံတိုက်စစ်မှူးက ယူနိုက်တက်မှာ အကြီးအကျယ် အောင်မြင်မယ့် ကြောက်မက်ဖွယ်ကောင်းတဲ့ ကစားသမားတစ်ဦးလို့ ပြောလိုက်ပါတယ်။

အဲဗာတန်အသင်းမှ ပြောင်းရွှေ့ကြေး ပေါင် ၇၅သန်းနဲ့ ရောက်ရှိလာတဲ့ လူကာကူဟာ မန်ယူအသင်းအတွက် ခြေစမ်းပွဲမှာ သွင်းဂိုး ၂ဂိုး သွင်းယူပေးထားပြီးပြီ ဖြစ်ပါတယ်။

ဒီဘရူနီကတော့ သူနဲ့ တစ်နိုင်ငံတည်းသား လူကာကူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်တယ်ဆိုတာကို အခုလိုပြောပါတယ်။

“သူ့မှာ အရည်အချင်း ဘယ်လောက်ရှိလဲဆိုတာ လူတိုင်းသိတယ်။ နောက်ပြီး သူလုပ်နိုင်တဲ့အရာတွေကို အကောင်းဆုံးလုပ်သွားလိမ့်မယ်” လို့ ဒီဘရူနီက ပြောပါတယ်။

“သူ့မှာလည်း သူ့ကစားနည်းရှိပါတယ်။ ဒါပေမယ့် သူ့ကို မက်ဆီနဲ့တော့ မယှဉ်ပါနဲ့။ သူဟာ ရုပ်ပိုင်းဆိုင်ရာကြီးမားတဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး ကြောက်စရာကောင်းလာနိုင်တယ်”

လူကာကူဟာ ပြီးခဲ့တဲ့ရာသီက သွင်းဂိုး ၂၅ ဂိုးအထိ သွင်းယူနိုင်ပြီး ရွှေဖိနပ်ဆု ပိုင်ဆိုင်ဖို့ ဟယ်ရီကိန်းရဲ့ နောက်က ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

ဆက်လက်ပြီး ဒီဘရူနီက လူကာကူဟာ မန်ယူအတွက် ဂိုး ၂၀ -၂၅ ဂိုးလောက် သွင်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး ကမ္ကာ့အကောင်းဆုံးကစားသမား ဖြစ်လာလိမ့်မယ်လို့ ပြောလိုက်ပါတယ်။

“ပြောင်းရွှေ့ကြေး များလွန်းတယ်လို့ လူတွေ ပြောကြတယ်။ လူတွေက သူနဲ့ တခြားကစားသမားတွေကို လူမှုကွန်ယက်တွေအပေါ်မှာ လှောင်ပြောင်မှုတွေ ပြုလုပ်ကြတယ်။ ဒါပေမယ့် ဂရုစိုက်စရာ မလိုပါဘူး။ ကိုယ့်အလုပ်ကို လုပ်နိုင်ဖို့ပဲရှိတယ်။ ကျွန်တော့်အထင် သူ ယူနိုက်တက်အတွက် တစ်ရာသီကို ဂိုး ၂၀ -၂၅ ဂိုးလောက် သွင်းပေးလိမ့်မယ်”

“သူ့ရဲ့ပျမ်းမျှဂိုးသွင်းနှုန်းကို ကြည့်ရင် အံ့သြသွားလိမ့်မယ်။ သူဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်တယ်။ နောက်ပြီး သူက အသက် ၂၄ နှစ်ပဲ ရှိသေးတယ်။ ဒီလိုအသက်အရွယ်မှာ သူဟ ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်လာနိုင်တယ်” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …