“အရမ်းစိတ်လှုပ်ရှားနေတယ်”လို့ ပြောလိုက်တဲ့ မန်စီးတီးကစားသမားသစ် ဒန်နီလို

မန်စီးတီးအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်း၏ ညာနောက်ခံကစားသမား ဒန်နီလိုကို ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်း ဖြင့် ၅ နှစ် စာချုပ်ခေါ်ယူလိုက်ပါတယ်။

အက်ဒါဆန်၊ ကိုင်လီဝေါ်ကာ၊ ဘနာဒိုဆေးလ်ဗား၊ ဒေါ့ဂလက်စ်လုစ် တို့ပြီးရင် ဒီနွေမှာ မန်စီးတီးအသင်း (၅)ယောက်မြောက် ခေါ်ယူလိုက်တဲ့ ဒန်နီလိုဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကစားရမှာ အရမ်းစိတ်လှုပ်ရှားနေကြောင်း အခုလို ပြောပါတယ်။

“ဒီနေ့က တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ နေ့တစ်နေ့ပဲ” လို့ ဒန်နီလိုက မန်စီးတီးဝက်ဆိုဒ်မှာ ပြောထားပါတယ်။

“ဒီလိုအသင်းကြီးရဲ့ တစိတ်တဒေသမှာ ပါဝင်ခွင့်ရလို့  အားရကျေနပ်တယ်။ မျှော်လင့်ထားသလို ဖြစ်လာဖို့ မျှော်လင့်မိတယ်”

“ပရီးမီးယားလိဂ်က ဖော်ပြစရာ စကားလုံးမရှိသလောက်ပါပဲ။ ဒီလိဂ်ကို သဘောကျပြီး အမြဲတမ်း ကစားချင်ခဲ့တယ်။ ဒါကြောင့် သြဂုတ်လ ၁၂ ရက်မှာ စတင်ကစားဖို့ အရမ်းစိတ်လှုပ်ရှားနေတယ်” လို့ ပြောလိုက်ပါတယ်။

ဒန်နီလိုဟာ မန်စီးတီးအသင်းရဲ့ အမေရိကန်ခရီးစဉ်မှာ အသင်းသားအသစ်တွေနဲ့ သွားရောက်ပူးပေါင်းပြီး ဗုဒ္ဒဟူးနေ့မှာ ယှဉ်ပြိုင်ရမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ICC ပွဲမှာ ပွဲထွက်ပါဝင်နိုင်ချေ ရှိနေတယ်လို့လည်း သိရပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …