ဂျူဗင်တပ်မှာ သဘောမကျတဲ့ အရာကို ဒန်နီအဲလ်ဗက်စ် ထုတ်ပြ

ချန်ပီယံဖြစ်ချင်လို့ PSG အသင်းနဲ့ ပူးပေါင်းလိုက်တဲ့ ဒန်နီအဲလ်ဗက်စ်ဟာ အသင်းဟောင်း ဂျူဗင်တပ်မှာ ကြုံတွေ့ခဲ့တဲ့ အခက်အခဲတွေကို ရင်ဖွင့်ပြောကြားလိုက်ပါတယ်။

ဒန်နီအဲလ်ဗက်စ်ဟာ ဘာစီလိုနာအတွက် (၈)နှစ်ကြာအောင် ကစားပေးခဲ့ပြီး ဂျူဗင်တပ်အသင်းနဲ့ (၂)နှစ် စာချုပ်ခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ ဘရာဇီးသားက ဂျူဗင်တပ်အသင်းမှာ ပထမ(၁)ရာသီပဲ ကစားခဲ့ပါတယ်။

သူဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့သလို၊ ဂျူဗင်တပ်အတွက် စီးရီးအေဖလား ဆွတ်ခူးပေးနိုင်ခဲ့ပေမယ့် ရောက်ရောက်ချင်း အသင်းနဲ့ အံဝင်ဖို့ ကြိုးစားရတာခက်ခဲကြောင်း အခုလို ထုတ်ပြောလိုက်ပါတယ်။

“ကွင်းထဲမှာရော ကွင်းပြင်မှာပါ ဒုက္ခတွေ အများကြီးတွေ့ခဲ့တယ်။ ဒါတွေကို သူတို့ နားမလည်ခဲ့ဘူး”

“ဥပမာတစ်ခု ပြောရရင် အ၀တ်လဲခန်းထဲမှာဖြစ်တဲ့ ပြဿနာပေါ့။ သူတို့က အသင်းသားတွေကို အ၀တ်လဲခန်းထဲမှာ သီချင်းနားထောင်ခွင့်၊ သီဆိုခွင့် ပေးမထားဘူး။ ကျွန်တော်က “သီချင်းမဆိုရ၊ မကရ”ရင် နေတတ်တာမဟုတ်ဘူး”  လို့ ဒန်နီအဲဗက်စ်က L’Equipe မှာ ပြောပါတယ်။

ဒန်နီအဲလ်ဗက်စ်က အ၀တ်လဲခန်းထဲမှာ မပျော်ရွှင်ပေမယ့် စည်းကမ်းတွေကို ချိုးဖောက်ဖို့ မကြိုးစားခဲ့ဘူးလို့လည်း တဆက်တည်းပြောကြားလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …