ရက်ရှ်ဖို့ဒ်က သူ့ခြေရာ နင်းနိုင်လိမ့်မယ်လို့ ပြောလိုက်တဲ့ စီရော်နယ်ဒို

ရီးရဲလ်မက်ဒရစ်စူပါစတား စီရော်နယ်ဒိုက အသက် ၁၉ နှစ်သာ ရှိသေးတဲ့ မန်ယူတိုက်စစ်မှူး မားကပ်စ်ရက်ဖို့ဒ်ဟာ သူ့ခြေရာ နင်းနိုင်လိမ့်မယ်လို့ ပြောလိုက်ပါတယ်။

စီရော်နယ်ဒိုဟာ မနေ့က UEFA ရဲ့ တနှစ်တာအကောင်းဆုံးကစားသမားဆုကို မက်ဆီ၊ ဘူဖွန်တို့ကို ကျော်ဖြတ်ပြီး ကစားသမားဘ၀မှာ (၃)ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဆုယူအပြီးမှာ စီရော်နယ်ဒိုကို နောက်တချိန် သူ့လိုမျိုး ဘယ်ကစားသမားတွေ အောင်မြင်နိုင်မလဲလို့ မေးကြည့်တော့ “ဒါက သိပ်ကောင်းတဲ့ မေးခွန်းပဲ” လို့ ရော်နယ်ဒိုက ပြန်ဖြေပါတယ်။

“အလားအလာရှိတဲ့ ကစားသမားတွေ ကျွန်တော် တွေ့ထားတယ်။ အဆန်စီရို၊ အမ်ဘက်ပီ၊ နေမာ၊ ဒမ်ဘီလီ၊ ဟာဇက်၊ ရက်ရှ်ဖို့ဒ် နောက်ပြီး တချို့ကစားသမားတွေလည်း ရှိသေးတယ်”

“နောက်မျိုးဆက်သစ်တွေထဲမှာ အရမ်းကို အလားအလာကြီးမားတဲ့ ကစားသမားတွေ အနည်းဆုံး(၁၀)ယောက်လောက် ရှိတယ်” လို့ ပြောလိုက်ပါတယ်။

Check Also

နေမာကို ခေါ်ယူမယ့်ကိစ္စ သွေးအေးသွားတဲ့ ရီးရဲလ်မက်ဒရစ်

နေမာကို ခေါ်ယူမယ့်ကိစ္စ သွေးအေးသွားတဲ့ ရီးရဲလ်မက်ဒရစ်

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ PSG တိုက်စစ်ကစားသမား နေမာကို ခေါ်ယူဖို့ စိတ်ဝင်စားမှုအား လျော့ကျသွားတယ်လို့ DailyMail က ထုတ်ဖော်ရေးသားလိုက်ပါတယ်။ လာမယ့်နွေရာသီမှာ ဘာပေကို ခေါ်ယူဖို့ ရည်ရွယ်ထားတာကြောင့် …