pjanic-ronaldo-newsday myanmar

“ေရာ္နယ္ဒိုအေနနဲ႔ ဂ်ဴဗင္တပ္အသင္းကိုလည္း ခ်န္ပီယံလိဂ္ဖလားႀကီး ဆြတ္ခူးေပးသင့္တယ္” လို႔ ေျပာလိုက္တဲ့ ပီယာနစ္

Zawgyi code version

ဂ်ဴဗင္တပ္ ကြင္းလယ္ကစားသမား ပီယာနစ္က တုိက္စစ္မွဴး ေရာ္နယ္ဒိုအေနနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းကို ခ်န္ပီယံလိဂ္ဖလား ၄ လံုး ဆြတ္ခူးေပးခဲ့သလို ယခု ဂ်ဴဗင္တပ္အသင္းကိုလည္း ဆြတ္ခူးေပးသင့္ေၾကာင္း ေျပာလိုက္ပါတယ္။

ေရာ္နယ္ဒိုဟာ ရီးရဲလ္မက္ဒရစ္နဲ႔ လမ္းခြဲၿပီး အီတလီေျမသို႔ ေရာက္လာၿပီးေနာက္ပိုင္း ေျခစမ္းပြဲေတြမွာသာ ဂိုးသြင္းယူႏိုင္ၿပီး တရား၀င္ပြဲေတြမွာေတာ့ တစ္ဂိုးမွ် သြင္းယူႏိုင္ျခင္း မရွိေသးပါဘူး။ ေရာ္နယ္ဒိုဟာ ရီးရဲလ္မက္ဒရစ္အတြက္ ၉ ႏွစ္ ကစားေပးၿပီး ခ်န္ပီယံဂ္ဖလားကို ၄ ႀကိမ္ ဆြတ္ခူးႏိုင္ေအာင္ သြင္းဂိုးေတြနဲ႔ ကူညီေပးခဲ့သူ ျဖစ္ပါတယ္။

ronaldo

ဂ်ဴဗင္တပ္အသင္းဟာ ေနာက္ဆံုးေလးႏွစ္မွာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ၂ ႀကိမ္တိတိ တက္လွမ္းႏိုင္ေပမယ့္ မဆြတ္ခူးႏိုင္ဘဲ ဖလားလက္မဲ့ျဖင့္ အိမ္ျပန္ခဲ့ရတာ ျဖစ္ပါတယ္။ ဂ်ဴဗင္တပ္အသင္းရဲ႕ ခ်န္ပီယံလိဂ္ဖလား ဆြတ္ခူးႏိုင္ေရး အိပ္မက္ေတြကို ေရာ္နယ္ဒိုအေနနဲ႔ ကူညီေပးႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္မိေၾကာင္း ပီယာနစ္က အခုလုိ ေျပာပါတယ္။

“သူက ကၽြန္ေတာ္တို႔ရဲ႕ အဓိက ကစားသမားပဲ။ သူဟာ ေအာင္ျမင္မႈမ်ားစြာ သိမ္းပိုက္ႏိုင္ခဲ့ၿပီး အခ်ိန္တိုင္း အေကာင္းဆံုး ကစားသမားေတြထဲက တစ္ေယာက္ပဲ” လို႔ ပီယာနစ္က ေျပာပါတယ္။

pjanic

“သူရွိေနတာဟာ ကၽြန္ေတာ္တို႔အတြက္ အားသာခ်က္တစ္ခုပဲ။ အရင္ႏွစ္ေတြကထက္ ကၽြန္ေတာ္တို႔အသင္း ဒီႏွစ္ ခရီးရွည္ေရာက္ႏိုင္ေအာင္ သူ ကူညီေပးႏိုင္ဖို႔ ေမွ်ာ္လင့္မိတယ္”

“ခ်န္ပီယံလိဂ္က ကၽြန္ေတာ္တုိ႔ရဲ႕ ရည္မွန္းခ်က္တစ္ခုပဲ။ ဒါေပမယ့္ အခ်ိန္တစ္ခုမွာ တစ္ခုခ်င္းစီ ယူႏိုင္ဖို႔က ပိုအေရးႀကီးတယ္။ ပထမ လိဂ္ဖလားကို သိမ္းပိုက္မယ္။ ေနာက္ ခ်န္ပီယံလိဂ္ဖလားၿပိဳင္ပြဲအတြက္ စတင္မယ္” လို႔ ပီယာနစ္က ေျပာလိုက္ပါတယ္။

Unicode version

“ရော်နယ်ဒိုအနေနဲ့ ဂျူဗင်တပ်အသင်းကိုလည်း ချန်ပီယံလိဂ်ဖလားကြီး ဆွတ်ခူးပေးသင့်တယ်” လို့ ပြောလိုက်တဲ့ ပီယာနစ်

ဂျူဗင်တပ် ကွင်းလယ်ကစားသမား ပီယာနစ်က တိုက်စစ်မှူး ရော်နယ်ဒိုအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ချန်ပီယံလိဂ်ဖလား ၄ လုံး ဆွတ်ခူးပေးခဲ့သလို ယခု ဂျူဗင်တပ်အသင်းကိုလည်း ဆွတ်ခူးပေးသင့်ကြောင်း ပြောလိုက်ပါတယ်။

ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲပြီး အီတလီမြေသို့ ရောက်လာပြီးနောက်ပိုင်း ခြေစမ်းပွဲတွေမှာသာ ဂိုးသွင်းယူနိုင်ပြီး တရားဝင်ပွဲတွေမှာတော့ တစ်ဂိုးမျှ သွင်းယူနိုင်ခြင်း မရှိသေးပါဘူး။ ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အတွက် ၉ နှစ် ကစားပေးပြီး ချန်ပီယံဂ်ဖလားကို ၄ ကြိမ် ဆွတ်ခူးနိုင်အောင် သွင်းဂိုးတွေနဲ့ ကူညီပေးခဲ့သူ ဖြစ်ပါတယ်။

ronaldo miss goal in juventus

ဂျူဗင်တပ်အသင်းဟာ နောက်ဆုံးလေးနှစ်မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ၂ ကြိမ်တိတိ တက်လှမ်းနိုင်ပေမယ့် မဆွတ်ခူးနိုင်ဘဲ ဖလားလက်မဲ့ဖြင့် အိမ်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းရဲ့ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ရေး အိပ်မက်တွေကို ရော်နယ်ဒိုအနေနဲ့ ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိကြောင်း ပီယာနစ်က အခုလို ပြောပါတယ်။

“သူက ကျွန်တော်တို့ရဲ့ အဓိက ကစားသမားပဲ။ သူဟာ အောင်မြင်မှုများစွာ သိမ်းပိုက်နိုင်ခဲ့ပြီး အချိန်တိုင်း အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ပဲ” လို့ ပီယာနစ်က ပြောပါတယ်။

“သူရှိနေတာဟာ ကျွန်တော်တို့အတွက် အားသာချက်တစ်ခုပဲ။ အရင်နှစ်တွေကထက် ကျွန်တော်တို့အသင်း ဒီနှစ် ခရီးရှည်ရောက်နိုင်အောင် သူ ကူညီပေးနိုင်ဖို့ မျှော်လင့်မိတယ်”

“ချန်ပီယံလိဂ်က ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တစ်ခုပဲ။ ဒါပေမယ့် အချိန်တစ်ခုမှာ တစ်ခုချင်းစီ ယူနိုင်ဖို့က ပိုအရေးကြီးတယ်။ ပထမ လိဂ်ဖလားကို သိမ်းပိုက်မယ်။ နောက် ချန်ပီယံလိဂ်ဖလားပြိုင်ပွဲအတွက် စတင်မယ်” လို့ ပီယာနစ်က ပြောလိုက်ပါတယ်။

Check Also

“ေရာ္နယ္ဒို အနီကတ္က လံုး၀မျဖစ္သင့္ဘူး” လို႔ ေျပာလိုက္တဲ့ ပီယာနစ္

Zawgyi Version ဗလင္စီယာအသင္းကို ဂ်ဴဗင္တပ္အသင္း ၂-၀ နဲ႔ အႏိုင္ရတဲ့ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္မွာ တိုက္စစ္မွဴး စီေရာ္နယ္ဒို အနီကတ္ျပ အထုတ္ရခံရတာဟာ လံုး၀ မျဖစ္သင့္ပါဘူးလို႔ ကြင္းလယ္ကစားသမား …