cristiano-ronaldo-juventus-newsday-myanmar

“ဂိုးသြင္းႏိုင္ခဲ့လို႔ အရမ္းေပ်ာ္တယ္” လို႔ ေျပာလိုက္တဲ့ စီေရာ္နယ္ဒို

Zawgyi Version

စီေရာ္နယ္ဒို ဂိုးသြင္းၿပီး ေအာင္ပြဲခံတာ ၾကည့္ရဖို႔ ကာလရွည္စြာေစာင့္ခဲ့ရတဲ့ ဂ်ဴဗင္တပ္ပရိသတ္ေတြရဲ႕ ေမွ်ာ္လင့္ခ်က္ေတြ အခုေတာ့ ျပည့္၀သြားခဲ့ပါၿပီ။ ေပၚတူဂီတိုက္စစ္မွဴးဟာ ဒီေန႔ ဆက္ဆူလိုအသင္းကို ၂-၁ နဲ႔ အႏိုင္ရတဲ့ပြဲမွာ အသင္းအတြက္ ၂ ဂိုးလံုး သြင္းေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

စီေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္တိုက္စစ္မွဴးအျဖစ္ စီးရီးေအပြဲစဥ္ ပထမ ၃ ပြဲလံုးမွာ ဂိုးေပါက္ရွာမေတြ႕ႏိုင္ဘဲ ကံေခေနခဲ့ေပမယ့္ ဒီေန႔ပြဲမွာေတာ့ ဂ်ဴဗင္တပ္အသင္းအတြက္ ပထမဆံုးဂိုးနဲ႔ ဒုတိယေျမာက္ဂိုးကို သြင္းယူႏိုင္ခဲ့ပါတယ္။ ဒီလို ဂိုးသြင္းႏိုင္ခဲ့လို႔ အရမ္းေပ်ာ္ရႊင္ရေၾကာင္း စီေရာ္နယ္ဒိုက အခုလို ေျပာပါတယ္။

Ronaldo - Newsday Myanmar

“ကၽြန္ေတာ္ကေတာ့ အရမ္းေပ်ာ္တယ္။ ဆက္ဆူလိုအသင္းဟာ အေကာင္းဆံုးကစားခဲ့ေပမယ့္ ကၽြန္ေတာ္တို႔ရဲ႕ ေအာင္ႏိုင္စိတ္ေတြ အရမ္းျပင္းထန္ခဲ့တယ္ဆိုတာ ျပသႏိုင္ခဲ့တယ္။ ေနာက္ၿပီး အခြင့္အေရးေတြလည္း အမ်ားႀကီးလုပ္ႏိုင္ခဲ့တယ္” လို႔ စီေရာ္နယ္ဒိုက ပြဲၿပီးမွာ ေျပာပါတယ္။

“ကၽြန္ေတာ္ဟာ ဂိုးေတြအမ်ားႀကီးသြင္းခ်င္ပါတယ္။ ဒါေပမယ့္ အေရးႀကီးဆံုးက အေကာင္းဆံုးလုပ္ႏိုင္ၿပီး ပြဲတိုင္းအႏိုင္ရေနဖို႔ပဲ” လို႔ စီေရာ္နယ္ဒိုက ေျပာလိုက္ပါတယ္။

Unicode version

“ဂိုးသွင်းနိုင်ခဲ့လို့ အရမ်းပျော်တယ်” လို့ ပြောလိုက်တဲ့ စီရော်နယ်ဒို

စီရော်နယ်ဒို ဂိုးသွင်းပြီး အောင်ပွဲခံတာ ကြည့်ရဖို့ ကာလရှည်စွာစောင့်ခဲ့ရတဲ့ ဂျူဗင်တပ်ပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေ အခုတော့ ပြည့်ဝသွားခဲ့ပါပြီ။ ပေါ်တူဂီတိုက်စစ်မှူးဟာ ဒီနေ့ ဆက်ဆူလိုအသင်းကို ၂-၁ နဲ့ အနိုင်ရတဲ့ပွဲမှာ အသင်းအတွက် ၂ ဂိုးလုံး သွင်းပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ ဂျူဗင်တပ်တိုက်စစ်မှူးအဖြစ် စီးရီးအေပွဲစဉ် ပထမ ၃ ပွဲလုံးမှာ ဂိုးပေါက်ရှာမတွေ့နိုင်ဘဲ ကံခေနေခဲ့ပေမယ့် ဒီနေ့ပွဲမှာတော့ ဂျူဗင်တပ်အသင်းအတွက် ပထမဆုံးဂိုးနဲ့ ဒုတိယမြောက်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒီလို ဂိုးသွင်းနိုင်ခဲ့လို့ အရမ်းပျော်ရွှင်ရကြောင်း စီရော်နယ်ဒိုက အခုလို ပြောပါတယ်။

“ကျွန်တော်ကတော့ အရမ်းပျော်တယ်။ ဆက်ဆူလိုအသင်းဟာ အကောင်းဆုံးကစားခဲ့ပေမယ့် ကျွန်တော်တို့ရဲ့ အောင်နိုင်စိတ်တွေ အရမ်းပြင်းထန်ခဲ့တယ်ဆိုတာ ပြသနိုင်ခဲ့တယ်။ နောက်ပြီး အခွင့်အရေးတွေလည်း အများကြီးလုပ်နိုင်ခဲ့တယ်” လို့ စီရော်နယ်ဒိုက ပွဲပြီးမှာ ပြောပါတယ်။

“ကျွန်တော်ဟာ ဂိုးတွေအများကြီးသွင်းချင်ပါတယ်။ ဒါပေမယ့် အရေးကြီးဆုံးက အကောင်းဆုံးလုပ်နိုင်ပြီး ပွဲတိုင်းအနိုင်ရနေဖို့ပဲ” လို့ စီရော်နယ်ဒိုက ပြောလိုက်ပါတယ်။

Check Also

“ေရာ္နယ္ဒို အနီကတ္က လံုး၀မျဖစ္သင့္ဘူး” လို႔ ေျပာလိုက္တဲ့ ပီယာနစ္

Zawgyi Version ဗလင္စီယာအသင္းကို ဂ်ဴဗင္တပ္အသင္း ၂-၀ နဲ႔ အႏိုင္ရတဲ့ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္မွာ တိုက္စစ္မွဴး စီေရာ္နယ္ဒို အနီကတ္ျပ အထုတ္ရခံရတာဟာ လံုး၀ မျဖစ္သင့္ပါဘူးလို႔ ကြင္းလယ္ကစားသမား …