၅ပွဲပယ် ပြစ်ဒဏ်အပြင် ယူရို ၃၈၀၅ ဒဏ်ရိုက်ခံလိုက်ရတဲ့ စီရော်နယ်ဒို

တော်ဝင်စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) က ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုကို  ၂ ၀ါ ၁နီကြောင့် တစ်ပွဲပယ်၊ ကွင်းလယ်ဒိုင် ရီဘာဒို ဒီဘာဂို့စ်ကို တွန်းခဲ့ခြင်းကြောင့် (၄)ပွဲပယ်၊ စုစုပေါင်း (၅)ပွဲပယ် ပြစ်ဒဏ်နဲ့ ဒဏ်ငွေ ယူရို 3805 ပေးဆောင်ရမယ်လို့ ချမှတ်လိုက်ပါတယ်။ ထို့အပြင် ရီးရဲလ်မက်ဒရစ်အသင်းကိုလည်း ယိုရို 1,750 တိတိ ဒဏ်ရိုက်ခဲ့တယ်လို့ သိရပါတယ်။

အ၀ါကဒ် (၂)ကြိမ် ပြခံရခြင်းမှာ ဂိုးသွင်းပြီး အကျီကို ချွတ်၍ လွှင့်ပစ်ကာ အောင်ပွဲခံခဲ့ခြင်း၊ ထို့နောက် မိနစ်အနည်းငယ်အကြာတွင် ပင်နယ်တီဧရိယာအတွင်း ဒိုင်ဗင်ထိုးခဲ့ခြင်းတို့ကြောင့်ပင် ဖြစ်ပါတယ်။

ထိုပြစ်ဒဏ်ကြောင့် စီရော်နယ်ဒိုဟာ ဗုဒ္ဓဟူးနေ့ ဘာနေဗျူးမှာ ကျင်းပမယ့် စပိန်စူပါဖလား ဒုတိယအကျော့ပွဲစဉ်တွင် လွဲချော်ပါလိမ့်မယ်။ ဒါပေမယ့် ထိုပွဲပယ်ပြစ်ဒဏ်ကို ၁၀ ရက်အတွင်း အယူခံဝင်နိုင်သေးတယ်လို့လည်း သိရပါတယ်။

အဆိုပါ အသက် ၃၂ နှစ်အရွယ်ရှိ ပေါ်တူဂီသားဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ခွင့်ရပေမယ့် စက်တင်ဘာလ ၂၀ ရက်၊ ရီးရဲလ်ဘက်တစ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် လာလီဂါပွဲစဉ်မတိုင်ခင် ပြည်တွင်းဖလားပြိုင်ပွဲတွေအားလုံး ပါဝင်နိုင်မှာ မဟုတ်သေးဘူးလို့ သိရပါတယ်။

Check Also

နေမာကို ခေါ်ယူမယ့်ကိစ္စ သွေးအေးသွားတဲ့ ရီးရဲလ်မက်ဒရစ်

နေမာကို ခေါ်ယူမယ့်ကိစ္စ သွေးအေးသွားတဲ့ ရီးရဲလ်မက်ဒရစ်

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ PSG တိုက်စစ်ကစားသမား နေမာကို ခေါ်ယူဖို့ စိတ်ဝင်စားမှုအား လျော့ကျသွားတယ်လို့ DailyMail က ထုတ်ဖော်ရေးသားလိုက်ပါတယ်။ လာမယ့်နွေရာသီမှာ ဘာပေကို ခေါ်ယူဖို့ ရည်ရွယ်ထားတာကြောင့် …