အခွန်ငွေရှောင်သည့်ကိစ္စကို စစ်ဆေးခံယူဖို့ စီရော်နယ်ဒို စပိန်တရားရုံးသို့ ရောက်ရှိ

ယူရို ၁၄.၇ သန်း  အခွန်ရှောင်သည့်ကိစ္စဖြင့် အစွပ်စွဲခံရသူ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ရုံးတက်စစ်ဆေးခံယူဖို့ မက်ဒထရစ်မြိှု့ရှိ၊ Pozuelo Alarcon တရားရုံးသို့ ယနေ့ ဒေသစံတော်ချိန် ၁၁ နာရီ ၃၀ မိနစ်အချိန်မှာ ရောက်ရှိလာပါတယ်။

အသက် ၃၂ နှစ်ရှိ အဆိုပါပေါ်တူဂီသားဟာ အခွန်ငွေရှောင်ခဲ့ခြင်း မရှိကြောင်း ကိုယ်စားလှယ်တွေမှတဆင့် စွပ်စွဲချက်တွေအားလုံး ငြင်းဆိုခဲ့ပြီးသား  ဖြစ်ပါတယ်။

အကယ်၍ စီရော်နယ်ဒိုဟာ ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အကြား ပုံရိပ်အသုံးပြုခထဲမှ ၀င်ငွေတစ်ချို့ကို ဖျောက်ဖျတ်ထားကြောင်း သက်သေထင်ရှားခဲ့လျှင် သူဟာ ကြီးမားတဲ့ ဒဏ်ငွေပြစ်ဒဏ် သို့မဟုတ် ထောင်ဒဏ် ချမှတ်ခြင်း ခံရနိုင်ပါတယ်။

စပိန်အစိုးရဟာ မကြသေးခင်က အခွန်ငွေရှောင်ရှားခဲ့တဲ့ နာမည်ကြီး ဘောလုံးသမားတွေကို နှိမ်နှင်းခဲ့ပြီးပြီ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ မက်ဆီကိုလည်း အခွန်ငွေရှောင်လွဲမှုဖြင့် ဒီနှစ်ထဲမှာ ထောင်ဒဏ် ၂၁ လ ချမှတ်ခဲ့ပြီးပြီ ဖြစ်ပါတယ်။ ဒါပေမယ့် မက်ဆီက ထိုပြစ်ဒဏ်ကို ဒဏ်ငွေဆောင်ပြီး ချေဖျတ်ခဲ့တာ ဖြစ်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …